ရန်ကုန် လေထု ညစ်ညမ်းမှု အန္တရာယ် ရှိနေပြီလား
This article has been converted from Zawgyi One to Unicode
၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် မေလအတွင်း သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီ မြို့နယ်များတွင် လေထု အတွင်း ဖုန်မှုန့် ပါဝင်မှုကို သုတေသနပြု တိုင်းတာခဲ့ရာ သာကေတမြို့နယ်တွင် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆများပြား နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဦးစီးဌာန လုပ်ငန်းခွင်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်သိန်းက ပြောကြားသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ သာမန်အားဖြင့် လေထုတွင်း ဖုန်မှုန့်ပါဝင်မှုသည် (Paricular Matter – PM 10)သည် 50 ug /m3 အတွင်းသာ ရှိရမည် ဖြစ်သော်လည်း (PM 10) သည် 120ug/m3 ဖြစ်နေ၍ လေ ထတွင် ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ များပြားနေသည့် အတွက် အန္တရာယ်ရှိ အဆင့်သတ်မှတ်မှုတွင် သာကေတမြို့နယ်သည့် ထိပ်ဆုံး၌ ရှိနေကြောင်း၊ ခြောက်သွေ့ ရာသီများတွင် လေထုညစ်ညမ်းမှု ပိုမိုများပြားကြောင်း သိရသည်။