၂၀၁၃ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော မော်တော်ယာဉ် အစီးရေ ၃၇၉၂၂၂၀ စီးရှိပြီး ရန်ကုန်မြို့တွင် ယာဉ်စီးရေ ၄ သိန်း ကျော်ရှိကာ မော်တော်ဆိုင်ကယ်စီးရေ ၁၂၀၀၀၀ ခန့် ရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား ဖော်ပြထားသည်။ ပြည်တွင်းနှင့် နယ်စပ်ဒေသများတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးရရှိမှုများ ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ အင်္ဂလိပ် အက္ခရာဖြင့် ထုတ်ပေးသော ယာဉ်နံပါတ်သည် ဇူလိုင် ၁၈ ရက်နေ့အထိ အင်္ဂလိပ် အက္ခရာဖြင့် ထုတ်ပေးသော ယာဉ်နံပါတ်သည် (5F/5717) နံပါတ်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။