သတင်းတို
လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမည့် လိင်တူချစ်သူများ
This article has been converted from Zawgyi One to Unicode
မန္တလေးမြို့ ကျုံးအရှေ့ဘက်၌ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၆ ရက် နှင့် ၇ ရက် ညနေပိုင်း အချိန်တွင် အမျိုးသားများနှင့် အမျိုးသား များ ကဲ့သို့ဝတ်ဆင်ထားသည့် လိင်တူချစ်သူများကို အရပ်ဝတ်ရဲများမှ ဖမ်းဆီးကာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လိင်ပိုင်းဆိုင်ရာ အရှက်ခွဲခြင်း အပါအဝင် ဥပဒေဘောင်ထက် ကျော်လွန်သည့် အပြုအမူများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး၊ တာဝန်ရှိသူများကို ဖော်ထုတ်အရေး ယူပေးရန် ဇူလိုင် ၂၆ ရက် (သောကြာနေ့) တွင် ကျူးလွန်ခံခဲ့ရသူများ ကိုယ်တိုင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမည် ဖြစ်ပါကြောင်း သိရသည်။