ရန်ကုန်မြို့ ဆူးလေဘုရားဝန်းကျင်ရှိ အသုံးမပြုသည့် အစိုးရရှေးဟောင်းရုံး အဆောက်အအုံ ၄ ခုကို ဟိုတယ်များ အဖြစ်ပြောင်းလဲ ဖွင့်လှစ်လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း အဆောက်အအုံများကို တင်ဒါစနစ်ဖြင့် ချထားပေးသွားမည် ဖြစ်သည်ဟု လည်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ၁၉၂ဝ ပြည့်နှစ်က တည်ဆောက်ပြီး သက်တမ်း ၁၀၀ နီးပါးရှိကုန်သည်လမ်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်ရှိ မြန်မာ့ သွင်းကုန် ထုတ်ကုန်လုပ်ငန်း ရုံးချုပ်ဟောင်း လေးထပ် အဆောက် အအုံ ၊ ၁၉ဝ၅ ခုနှစ် တည်ဆောက် ခဲ့သည့် ၃၂ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း ရုံးဟောင်း၊ ၁၉ဝ၈ ခုနှစ်က တည်ဆောက်ပြီး နှစ်သက်တမ်း ၁ဝ၅ နှစ်ရှိ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးရုံး ဟောင်း ၊ ၁၉၃ဝ ခုနှစ်က ဆောက်ပြီး သက်တမ်း ၈၃ နှစ်ရှိ ဗိုလ်ဆွန် ပက်လမ်း အတွင်းရှိ ကုန်သွယ်ရေး (၅) အဆောက်အအုံ ဟောင်းတို့ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။