သတင်း

လားဟူ ပြည်သူ့စစ် ခေါင်းဆောင်ကို ထိုင်း ဘတ် ၅ သန်း ဆုငွေထုတ်ရန် စီစဉ်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း အခြေစိုက် လားဟူ ပြည်သူ့စစ်ခေါင်းဆောင် ဦးယင်ဆေးအား ဖမ်းမိရေး အတွက် ထိုင်း အစိုးရက ဘတ် ငွေ ၅ သန်း ဆုငွေ ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုများတွင် အဆိုပါ လားဟူ ပြည်သူ့စစ်ခေါင်း ဆောင် ဦးယင်ဆေးအား ထိုကဲ့သို့ ဆုငွေ ထုတ်၍ ဖမ်းဆီးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထိုင်း ရဲချုပ် ဗိုလ်ချုပ်ကြီး ဖွန် ဆာ ဖတ် ကို ကိုးကားပြီး ထိုင်းအခြေစိုက် ပို့စ်တူဒေး သတင်းတပုဒ်က ဆိုသည်။

ထိုင်းနိုင်ငံ ပရာ နခွန် ဆီ အယုဒ္ဓယ (Phra Nakhon SI Ayutthaya) ခရိုင်အတွင်း စိတ်ကြွဆေးများ အပါအဝင် လက် နက် တချို့၊ ကျည်ဆန် တချို့နှင့် လူတချို့ကို ဇူလိုင်လ ၇ ရက်နေ့က ဖမ်းဆီးရမိပြီးနောက် ဆက်စပ် စုံစမ်းဖော်ထုတ်မှု အရ ဦးယင်ဆေးအား သက်သေအထောက်အထား၊ သတင်းအချက်အလက်များနှင့်တကွ ထိုသို့ဆုငွေထုတ် ဖမ်းဝရန်း ပြင်ဆင်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ဖွန် ဆာ ဖတ်က ဆို သည်။

ယခုအခါ ထိုင်းအစိုးရ၊ ထိုင်းရဲတပ်ဖွဲ့တို့သည် ဦးယင်ဆေးအား ဖမ်းဆီးရမိရေး အတွက် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ အပါအဝင် နိုင်ငံတကာပူးပေါင်း ရဲတပ်ဖွဲ့တို့နှင့်ပါ လက်တွဲ ဆောင်ရွက်သွားမည်ဟုလည်း အဆိုပါ ရဲဗိုလ်ချုပ်ကြီး က ပြောဆိုထားသည်။

ဦးယင်ဆေးသည် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ်ဖောက်ကားရာတွင် ကွန်ရက် ၅ ခုနှင့် စနစ်တကျစီမံထားပြီး မူးယစ် အုပ်စုကြီးတခုတည်ဆောက်ထားကာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ ချင်းမိုင်ခရိုင်၊ မဲဆောက်ဒေသ၊ သီဝဌာနီ၊ အယုဒ္ဓယ စသည်တို့ကို ကြားခံနယ်အဖြစ် အသုံးပြု လုပ်ကိုင်နေကြောင်းလည်း ရဲဗိုလ်ချုပ်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင်အတွင်း နေအိမ်တခုအား ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် ပစ္စတို ၂ လက်နှင့် ကျည် ဆန်တချို့၊ ကျည်ကာ အဝတ်အစား တထည်နှင့် မက်သာ အဖက်တမင်း စိတ်ကြဆေး ၅ သောင်းကျော်ကိုဖမ်းဆီး ရမိ ခဲ့ပြီး ဆက်စပ် စစ်ဆေးချက်များ လုပ်ဆောင်ခဲ့ကြောင်းလည်း ခရိုင် ရဲအရာရှိ ပရာဒစ် ဆန်ထွန်းက ပြောထားသည်။

အသက် ၆၇ နှစ်အရွယ် လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးယင်ဆေးသည် လျှို့ဝှက်စွာ သွားလာနေသူ မဟုတ်ကြောင်း၊ ယခင်ကတည်းက အလားတူ စွပ်စွဲခံရသူဖြစ်ပြီး လူမှုရေးလုပ်ငန်းများ အားကောင်းသူလည်းဖြစ်ကြောင်း၊ အမေရိကန် နှစ်ခြင်း ခရစ်ယာန် သာသနာပြုလုပ်ငန်း လုပ်ဆောင်နေသူဖြစ်ကြောင်း ရှမ်း သံတော်ဆင့် သတင်းဌာနမှ ဦးခွန်ဆိုင်းက ဧရာဝတီကို ပြောသည်။

ဦးယင်ဆေးသည် လားဟူ တိုင်းရင်းသားဖြစ်သည့်အပြင် ထိုင်းနိုင်ငံသားဖြစ်၍ ထိုင်းနိုင်ငံတွင် နေအိမ်နှင့် ပစ္စည်းများ ဝယ်ယူ နိုင်ကြောင်း သို့သော် ၂၀၀၃ ခုနှစ်နောက်ပိုင်း ထိုင်း နိုင်ငံဘက် မလာရောက်တော့ဟု သိရှိကြောင်း သူက ဆက် ပြောသည်။

“၂၀၀၃ ခုနှစ်မှာ မူးယစ်ဆေးဝါး ကိစ္စနဲ့ ချင်းမိုင်မှာ ရှိနေတဲ့ နေအိမ်ကို ထိုင်းဘက်က သွားဝင်စီးပြီးတော့ သိမ်းပစ် လိုက်တဲ့ နောက်ပိုင်းမှာတော့ ဘယ်အခါမှ မလာတော့ဘူး”ဟု ဦးခွန်ဆိုင်းက ပြောသည်။

ထိုင်း-မြန်မာ ၂ နိုင်ငံ နယ်စပ်အစည်းအဝေးများတွင် မြန်မာဘက်မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးယင်ဆေးနှင့် ပတ်သက် ၍ ထိုင်းဘက်က မကြာခဏ ဆွေးနွေး ပြောဆိုသည့်အခါ မြန်မာဘက်က သက်သေများပေးရန် တောင်းဆိုခဲ့သော် လည်း ထိုင်းဘက်က မပြနိုင်ခဲ့ကြောင်း ရှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေသူလည်း ဖြစ် သည့် ဦးခွန်ဆိုင်းက ပြောဆိုသည်။

“ထိုင်းဘက်ကလည်း အရမ်းစွပ်စွဲတာတော့ မဟုတ်ဘူးပေါ့”ဟုလည်း သူက ဆိုသည်။

ယခုအထိ ဦးယင်ဆေးသည် မြန်မာနိုင်ငံတွင်း အေးချမ်းစွာ သွားလာနေထိုင်နေကြောင်း၊ ထိုင်းဘက်က သက်သေမပြနိုင် မချင်း မြန်မာဘက်ကလည်း ဦးယင်ဆေးကို အရေးယူမည်ဟု မထင်ကြောင်း၊ အကယ်၍ ဦးယင်ဆေးအား ဖမ်းဆီး လိုက်ပါက မြန်မာ့တပ်မတော်၏ ပြည်သူ့စစ် မဟာဗျူဟာ အကုန်လုံးကို ထိခိုက်နိုင်ကြောင်း ဦးခွန်ဆိုင်းက ပြောသည်။

“ဦးယင်ဆေးတောင် ဖမ်းတာပဲ၊ ငါတို့လည်း ခံရတော့မှာပဲ ဆိုပြီး ပြည်သူ့စစ်အဖွဲ့တွေ တော်တော်များများလည်း ထိ ခိုက် နိုင်တာပေါ့”ဟု သူက ဆိုသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတွင် ယခင် ခွန်ဆာ နာမည်ကြီးစဉ်က အခြားအဖွဲ့များက ဈေးကောင်းရရန် ခွန်ဆာပစ္စည်းဟု ပြောဆိုလေ့ရှိကြပြီး ဖမ်းဆီးရမိသည့်အခါများတွင်လည်း ဖမ်းဆီးသူများ နာမည်ကြီးကြကြောင်း၊ အ လား တူ ကိစ္စမျိုးလည်း ဦးယင်ဆေးကို အခြားအဖွဲ့များက အသုံးချခြင်းမျိုး ရှိနိုင်ကြောင်း ဦးခွန်ဆိုင်းက ပြောဆိုသည်။

နယ်စပ်အခြေစိုက် သတင်းရင်းမြစ်တချို့၏ အဆိုအရ လားဟူ ပြည်သူ့စစ်အဖွဲ့မှ အဖွဲ့ငယ်များသည် စိတ်ကြွဆေးနှင့် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများသို့ ရောင်းဝယ်ဖောက်ကားကြရာတွင် ယခင်က ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ၏ ပစ္စည်းများဖြစ်သည်ဟု ပြောဆိုလေ့ရှိကြကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ဦးယင်ဆေး ကို မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဖမ်းဆီးပေးရန် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) က မြန်မာ အစိုးရထံ တောင်းဆိုခဲ့သေးသည်။

ထိုစဉ်က ဘန်ကောက်မြို့တွင် မာနတ် ဆိုဖုန်း(Manas Seupho) အမည်ရှိ ထိုင်းရဲ အရာရှိ တဦးထံမှ စိတ်ကြွဆေးပြား ၁.၂၈ သန်း ကျော် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့သည်။ ယင်းဆေးပြားများကို ဦးယင်ဆေးထံမှ ရရှိကြောင်း ထို ရဲ အရာရှိက ထွက်ဆိုရာမှ ဦးယင်ဆေးကို ဖမ်းဆီးပေးရန် မြန်မာ အစိုးရထံ တောင်းဆိုမှု ဖြစ်ပေါ်ခဲခြင်း ဖြစ်သည်။

ယခင် စစ်အစိုးရများလက်ထက်က မြန်မာစစ်တိုင်းမှူး၊ စစ်အရာရှိကြီးများက ပြည်သူ့စစ်များ ကိုယ်ပိုင် ရပ်တည်နိုင်ရန် ဘိန်းစိုက်ပျိုးမှုကို တရားဝင်ကဲ့သို့ ခွင့်ပြုပေးမှုများ၊ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများတွင် မြန်မာ စစ်တပ် ဂိတ်များမှ လျစ်လျူရှုမှုများ လုပ်ဆောင်လေ့ရှိခဲ့ကြောင်း နယ်စပ် အခြေစိုက် သတင်းရင်းမြစ်များက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading