သတင်းတို

ပြင်သစ် နိုင်ငံရပ်ခြား ကုန်သွယ်ရေး ဝန်ကြီး မြန်မာပြည် လာမည်

This article has been converted from Zawgyi One to Unicode

ပြင်သစ် နိုင်ငံရပ်ခြား ကုန်သွယ်ရေး ဝန်ကြီး မွန်စီယာ Nicole Bricq သည် ဇူလိုင်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ၂ ရက် ခရီး လာရောက်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တချို့ လိုက်ပါလာမည်ဟုလည်း သိရသည်။ ပြည်သစ်နိုင်ငံ၏ နိုင်ငံရပ်ခြား ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်တွင် မြန်မာနှင့် ၂ နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး ဆွေးနွေးမည်ဟု ဖော်ပြ ထားသည်။ အမည်မဖော်လိုသူ သံတမန် တဦး၏ အဆိုအရ ပြင်သစ်နှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးသည် လူသိရှင်ကြား မဟုတ်သော်လည်း ပုံမှန် ဆက်ဆံရေး ရှိနေဆဲဖြစ်ပြီး တနှစ်လျှင် ယူရို ၁၈ သန်း(အမေရိကန် ဒေါ်လာ ၂၃ သန်း) ရှိကြောင်း သိရ သည်။

Loading