• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

by ထက်နိုင်ဇော်
26 July 2013
in သတင်း
A A
ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

တောင်သူများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ဗိုလ်ချုပ် စိုးရှိန်ကို ယခင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ဘေး ကပ်လျက်တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

12.3k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာတွင် တောင်သူ ၃ ဦး ပိုင်ဆိုင်သော ဧက ၁၀၀ ဝန်းကျင်ရှိ သီးနှံစိုက်ပျိုးထားသည့် မြေပေါ်တွင် ဗိုလ်ချုပ်စိုးရှိန်က တောင်သူများအား သေနတ်ပြကာ ခြိမ်းခြောက်ခဲ့သည့် ဖြစ်ရပ်ကို ဒေသ အာဏာပိုင်များက အမှုဖွင့် မပေးသေးကြောင်း စုံစမ်း သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က မိမိလယ်မြေကို အလုပ်သမား နှစ်ဦးနှင့် ပေါင်း ရှင်းလင်းနေစဉ် ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ဝင်ရောက်လာပြီး ၎င်း၏ ပစ္စတို သေနတ်ကိုထုတ်၍ ယာမြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့သောကြောင့် ကြောက်လန့်ကာ ထွက်ပြေးခဲ့ရကြောင်း တောင်သူ ကိုအောင်သန်းဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
66
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
645
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
11

“ဗိုလ်ချုပ်စိုးရှိန်က အခုထွက်၊ မထွက်ရင် သေနတ်နဲ့ ပစ်မယ်ဆိုပြီး သေနတ်နဲ့ လှမ်းချိန်တယ်။ ကျနော်နဲ့ အလုပ်သမား နှစ်ယောက်လည်း ကြောက်ပြီး ထွက်ပြေးလာတာ၊ ထမင်းထုပ်တောင် ကျန်ခဲ့တယ်” ဟု သူက ဆိုသည်။

ထိုဖြစ်စဉ်ကို သက်ဆိုင်ရာသို့ တင်ပြရန် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာ အပိုင် ဧလာ ရဲစခန်းသို့ သွားရောက် အမှုဖွင့်ခဲ့ရာ လက်မခံဘဲ လယ်ဝေးမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားရန် ပြောဆိုသောကြောင့် လယ်ဝေးမြို့နယ် တရားရုံးသို့ သွားရောက်ခဲ့ကြောင်း၊ လယ်ဝေးမြို့နယ် တရားရုံးကလည်း လက်မခံဘဲ ရဲစခန်းသို့ သွားရောက် အမှုဖွင့်ရန် ပြောဆို သောကြောင့် မြို့နယ်ရဲစခန်းသို့ ပြန်သွားရာ စခန်းက အမှုဖွင့်ပေးရန် ငြင်းဆိုခဲ့ကြောင်း အမှုဖွင့်ရန် လိုက်ပါသွားခဲ့သူ
တောင်သူတဦးက ပြောသည်။

“ရဲစခန်းမှာ အမှုဖွင့်နိုင်ဖို့ နှစ်ရက်ကြိုးစားခဲ့တယ်။ အမှုက ဖွင့်လို့မရဘူး။ တရားရုံး သွားတော့လည်း လွှဲစာမပါလို့တဲ့ တရားစွဲလို့ မရဘူး။ နောက်တရက်ကျတော့ နေပြည်တော် ရဲချုပ်ရုံးတောင် ရောက်ခဲ့သေးတယ်။ ရဲချုပ်ရုံးကလည်း လယ်ဝေး ရဲစခန်းကိုပဲ ပြန်သွား ခိုင်းလိုက်ပြီး အမှုတော့ ဖွင့်မပေးလိုက်ဘူး” ဟု သူက ဆိုသည်။

ရဲစခန်းတွင် အမှုဖွင့်ရန် လက်မခံသောကြောင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ထံ တောင်သူများက သွားရောက် မေးမြန်းကြောင်း၊ ထို့ကြောင့် ဒေါ်စန္ဒာမင်းက ကိုယ်တိုင်စာရေးပေး၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တိုင်ကြားရန် လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

“ရဲစခန်းကို တိုင်တာ လက်မခံဘူးဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီးအရေးယူပေးဖို့ တောင်သူတွေကို ကျမ စာတင်ခိုင်းလိုက်တယ်။ နှစ်ပတ်အတွင်းမှာ ဖြေရှင်း မပေးဘူးဆိုရင်တော့ ကျမအနေနဲ့ ဆက်ပြီးတော့ တတ်နိုင်တဲ့ ဘက်ကနေ ဝင်လုပ်ပေးမယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ဗိုလ်ချုပ်စိုးရှိန်က ၎င်းပိုင်ဆိုင်ရာ မြေအတွင်းတွင် ဝင်ရောက်စိုက်ပျိုးခြင်း မပြုလုပ်ရန် ရွာသားများကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်သည်ဟု Myanmar Times သို့ ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားထားသည်။ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း ပြုလုပ်ခဲ့သည်ဟုလည်း သူက အဆိုပါ မီဒီယာကို အတည်ပြု ပြောဆိုထားသည်။

“ဒီလို မလုပ်ဖို့ သူတို့ကို ကျနော် အမြဲ ပြောပါတယ်။ ဒီမြေကို ကျနော် တရားဝင် ပိုင်ဆိုင်တာပါ။ ဒါပေမယ့် သူတို့က ဆက်လုပ်နေတော့ ကျနော်တို့ဘက်က နည်းနည်းတော့ ခြိမ်းခြောက် ချင်လာပါတယ်” ဟု သူက Myanmar Times ကို ပြောသည်။

လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာရှိ လယ်သမားများတို့ နှစ် ၂၀ ခန့် ဓားမဦးချ လုပ်ကိုင် စားသောက် လာခဲ့သော နေရာကို ဗိုလ်ချုပ်စိုးရှိန်၏ လူယုံများက ထိုနေရာသည် မြေကွက်အမှတ် ၁၀၅၊ ၁၀၆ အမည် ပေါက်ထားသည်ဟု ပြောဆိုကြောင်း၊ ထိုအကွက်များကို ဗိုလ်ချုပ်စိုးရှိန်၏ လူယုံများက ဝယ်ယူမည်ဟု ဆိုကာ တိုင်များ လာစိုက်သောကြောင့် တောင်သူများက ဝိုင်းဝန်း တားမြစ်ခဲ့ကြောင်း၊ ဗိုလ်ချုပ်စိုးရှိန်၏ တပည့်များထံမှ ငွေကြေးလုံး၀ လက်ခံထားခြင်း မရှိကြောင်း၊ တားမြစ်ပြီး နောက်ရက်တွင် ဗိုလ်ချုပ်စိုးရှိန်နှင့် လူအင်အား ၃၀ ခန့် ရောက်ရှိလာကြောင်း တောင်သူ ကိုအောင်သန်းဦးက ရှင်းပြသည်။

“ဝယ်ဖို့ဆိုပြီး သူတို့က ကျနော်တို့ကို ရက်ချိန်းတွေဘာတွေ ပေးပြီးပြီ။ ၆ လ ပိုင်းကတည်းကပဲ။ ကျနော့် အကွက်ကို တစ်ဧက တစ်သိန်းခွဲ ပေးမယ်၊ ဘေးက အကွက်ကိုတော့ တဧက သုံးသိန်းပေးမယ်လို့ ပြောတယ်။ ပြီးရင် ဗိုလ်ချုပ်လာရင် ခင်ဗျားတို့ ရသလောက် တောင်းယူလို့ ပြောတယ်။ ချိန်းတဲ့ရက်ကို သူတို့က ရောက်မလာဘူး။ နောက်ပိုင်း မဝယ်တော့ဘဲနဲ့ ဆီးပင်တွေ ဝင်စိုက်သွားတယ်” ဟု သူက ဆိုသည်။

တောင်သူများအနေဖြင့် လက်ရှိမြေကို ဓားမဦးချ လုပ်ကိုင်သည်ဟုသာ ပြောနိုင်ပြီး ပိုင်ဆိုင်ကြောင်း ပြစရာ အထောက် အထားမရှိဟု သိရသည်။

လက်ရှိအချိန်၌ ယင်းမြေပေါ်တွင် နှမ်း ၇ ဧက စိုက်ပျိုးထားပြီး ကြံစိုက်ပျိုးရန် ပြင်ဆင်ထားကြောင်း၊ တခြား အကွက် များတွင်လည်း သီဟိုဠ်၊ ငှက်ပျော စသည့်အပင်များ စိုက်ပျိုးထားကြောင်း တောင်သူများက ပြောသည်။

တောင်သူများကို သေနတ်ဖြင့် ထုတ်ချိန်ခဲ့သူ ဗိုလ်ချုပ်စိုးရှိန်သည် ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အနားယူသွားသည် အထိ ကိုယ်ရေး အရာရှိအဖြစ် တာဝန်ယူပေးခဲ့ရသူ ဖြစ်ပြီး လက်ရှိအချိန်တွင် ကာကွယ်ရေး ဝန်ကြီးဌာနတွင် ဗိုလ်ချုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။

Your Thoughts …
Tags: ArmyFarmersRule of Law
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

by ဘုန်းအောင်
14 August 2024
352

နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

Next Post
လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

မီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီက လွှတ်တော်သို့ တိုက်ရိုက်တင်မည်

မီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီက လွှတ်တော်သို့ တိုက်ရိုက်တင်မည်

Please login to join discussion
No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate