• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟိုတယ် ဖွင့်မည့် အဆောက်အအုံများကို ရှေးမူမပျက်အောင် စစ်ဆေးရေး လုပ်သွားမည်

by မေခ
27 July 2013
in သတင်း
A A
ဟိုတယ် ဖွင့်မည့် အဆောက်အအုံများကို ရှေးမူမပျက်အောင် စစ်ဆေးရေး လုပ်သွားမည်

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အအုံ တခု (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

3.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကို ဟိုတယ်အဖြစ် ဖွင့်လှစ်ခွင့် ပေးလိုက်သော်လည်း ပြင်ဆင်မှုကို စစ်ဆေးရေး အဖွဲ့များဖြင့် စဉ်ဆက်မပြတ် စစ်ဆေးကာ သမိုင်းဝင် အမွေအနှစ်များကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အဦးများဖြစ်သည့် မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်၊ မဟာဗန္ဓုလပန်းခြံ တောင်ဘက်ရှိ ၁၉၂၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်း၊ အမှတ် ၆၀၄၊ ၆၀၈ ကုန်သည်လမ်းနှင့် ၃၂ လမ်းထောင့်၊ ခြောက်ထပ်ရုံး မြောက်ဘက်ရှိ ၁၉၀၅ ခုနှစ်တွင်ဆောက်လုပ်ခဲ့သည့် စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်း၊ ဆူးလေနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ ၁၉၀၈ ခုနှစ်က ဆောက်လုပ်ခဲ့သော ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ရုံးဟောင်း၊ အမှတ်၁၉/၃၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ၁၉၃၀ ခုနှစ်က ဆောက်ခဲ့သည့် ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ် (၅) ရုံးဟောင်းတို့အား ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ၂၀၀၂ ခုနှစ် ဇွန်လအတွင်းမှ စတင်ကာ တင်ဒါခေါ်ယူခဲ့သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
40
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
37
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
474

“ဘယ်လို ထိခိုက်မှုမှ မရှိအောင် ကျနော်တို့အဖွဲ့တွေက သေချာစိစစ်သွားမှာပါ။ အချိန်တိုင်း စစ်ဆေးနေမှာပါ။ ဘယ်လို အတိမ်း အစောင်းမှ မဖြစ်နိုင်အောင် စစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပါတယ်။ အပြစ်တစုံတရာ ရှိလာတာမျိုး မဖြစ်ရအောင်ပေါ့။ မစရသေးဘူး ဘာအပြစ် ဖြစ်မယ်လို့တော့ စကား မစထားချင်ပါဘူး။ မလိုက်နာရင်တော့ အရေးယူမှုတွေ လုပ်မှာပါ။ အပြင်းထန်ဆုံးက တင်ဒါကို ပြန်သိမ်းမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

ဆောက်လုပ်မှုပိုင်းကို စစ်ဆေးမည့် အဖွဲ့အနေဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာ ဗိသုကာ ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပညာရှင်များ ပါဝင်မည့် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ တွဲဖက် အတွင်းရေးမှူး သူရဦးသောင်းလွင်က ပြောသည်။

“နိုင်ငံတကာမှာလည်း သမိုင်းဝင် အဆောက်အဦးတွေကို ဟိုတယ်လုပ်ထားတာတွေ ရှိတယ်။ သူတို့တွေလိုပဲ မူရင်းပုံစံ မပျောက်အောင် လုပ်ဆောင်သွားမှာပါ။ ထိန်းသိမ်းပြီးသားလည်း ဖြစ်မယ်။ ဝင်ငွေလည်း ရမယ်။ ဒီသဘောနဲ့ ဆောက်လုပ်တာပါ။ ဒီအဆောက်အဦးတွေဟာ နိုင်ငံပိုင်အဆောက်အဦးတွေပါ။ ရုံးဟောင်းတွေပါ။ ကိုလိုနီလက်ထက်ကတည်းက အဆောက်အဦးတွေဖြစ်လို့ ကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျနိုင်မယ် ထင်ပါတယ်” ဟု သူရဦးသောင်းလွင်က ပြောသည်။

အဆိုပါဟိုတယ်များ လုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ယူထားသည့် အဆောက်အအုံလေးခုမှာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့်အတွက် မထိန်းသိမ်းနိုင်ပါက ပျက်စီးမည့် အနေအထားရှိကြောင်း၊ အဆောက်အအုံ ဆောက်ထားသည့်မြေများမှာ ကမ်းနားနီးသောကြောင့် နှုန်းမြေ၊ နွံ့မြေများဖြစ်ကြောင်း၊ ၎င်းတို့အပေါ်တွင် ထိန်းသိမ်းမည်ဆိုပါက ရေရှည်ခိုင်ခံ့ရန်အတွက် ရည်ရွယ်ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ပြင်ဆင်မှုစရိတ်မှာလည်း ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည် ဖြစ်သောကြောင့် အစိုးရအနေဖြင့် ထိန်းသိမ်းရန် မတတ်နိုင်ကြောင်း သိရသည်။

တင်ဒါစိစစ်ရာတွင် စံသတ်မှတ်ချက် ကိုးချက်ဖြင့် စိစစ်ရွေးချယ်ပြီး အဆိုပါ ကိုးချက်ထဲတွင် ရှေးမူလက်ရာမပျက် ထိန်းသိမ်း ပြင်ဆင်နိုင်မှုဆိုင်ရာ တင်ပြချက်အချက်ကို ထည့်သွင်းထားကြောင်းလည်း သိရှိရသည်။

“ဆောက်လုပ်တဲ့နှစ်ကို ၄ နှစ်လောက်ပေးဖို့ စီစဉ်ထားပါတယ်။ အတွင်းပိုင်းကတော့ ဘယ်လိုပဲ ပြင်ပြင်ရပါတယ်။ ခွင့်ပြုတယ်။ သို့သော်လည်း နှစ်ကာလကြာပြီဖြစ်လို့ ကြံ့ခိုင်ဖို့လိုတယ်။ စစ်ဆေးတာမှာ အပြင်ရှေးဟောင်း နေရာထိန်းသိမ်းဖို့အတွက်ပဲ မဟုတ်ဘူး။ အတွင်းပိုင်း ကြံ့ခိုင်ရေးကိုပါ စစ်ဆေးပါမယ်” ဟု သူရဦးသောင်းလွင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ လေးလုံးအား ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် တင်ဒါခေါ်ယူရာတွင် ဟိုတယ်များ ဆောက်လုပ်ရန်အတွက် ပဏာမ ကုမ္ပဏီ ၁၃ ခုအား ရွေးချယ်ထားကြောင်း၊ ဇူလိုင် ၂၇ ရက်တွင် အမှန်တကယ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးထံမှ သိရသည်။

“ရုံးဟောင်း တခုအတွက် ကုမ္ပဏီတခုရွေးမယ်။ ရွေးချယ်ဖို့က စုစုပေါင်းကုမ္ပဏီ လေးခုရွေးချယ်မယ်။ ဇူလိုင် ၂၇ မှာ ပဏာမ ရွေးထားသည့် ကုမ္ပဏီ ၁၃ ခုထဲကနေ ကုမ္ပဏီလေးခုကို အပြီးသတ် ရွေးသွားမယ်။ ရွေးချယ်ပြီးရင် အများပြည်သူကို တရားဝင် ထုတ်ပြန်ကြေညာ ပေးသွားမှာပါ” ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

တင်ဒါခေါ်ယူရာတွင် မြန်မာ့ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရုံးချုပ်ဟောင်းအား ကုမ္ပဏီ ၂၄ ခုမှ တင်ဒါတင်သွင်းခဲ့ပြီး စွမ်းအင် ဝန်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီအခု ၂၀ မှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊ ဟိုတယ်ခရီး ဝန်ကြီးဌာန ရုံးဟောင်းအား ကုမ္ပဏီ ၃၀ မှ တင်ဒါတင်သွင်းပြီး ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးဟောင်းအား ကုမ္ပဏီကိုးခုမှ တင်ဒါ တင်သွင်းခဲ့ကြောင်း၊
စုစုပေါင်း ကုမ္ပဏီ ၈၃ ခုအထိ တင်ဒါတင်သွင်းခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: BuildingTourismYangon
မေခ

မေခ

ဧရာဝတီ

Similar Picks:

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

by ဧရာဝတီ
20 September 2024
354

ကုန်စျေးနှုန်းကျဆင်းရေး အပါအဝင် စစ်မှုထမ်းဥပဒေနှင့် စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်အင်အားစုများနှင့် ပြည်သူများ ပူပေါင်းပြီး ရန်ကုန်မြို့ ကားလမ်းမတနေရာတွင် ယနေ့ ချီတက်ဆန္ဒပြခဲ့သည်။

ရန်ကုန်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို စည်ပင်က တရားစွဲ

ရန်ကုန်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို စည်ပင်က တရားစွဲ

by ထက်နိုင်ဇော်
13 September 2013
3.6k

ထပ်တိုက်တလုံးလျှင် ဒဏ်ကြေး ငွေကျပ် ၈၂ သိန်း၊ ၅ ထပ် အဆောက်အဦးဖြစ်ပါက ဒဏ်ကြေး ငွေကျပ် ၁၆၅ သိန်း ဒဏ်ရိုက် မည်ဖြစ်ကြောင်း၊ ဒဏ်ရိုက်သည့်အပြင် တရားစွဲအရေးယူမည်ဖြစ်ပြီး နောက်ဆုံးတွင် ဖျက်သိမ်းသည် အထိ အရေးယူဆောင်ရွက်သွားမည်...

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

by မေရီကို
30 October 2012
14.2k

ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်း လူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ

၁၉ ရာစု ဗိသုကာလက်ရာကို ထင်ဟပ်နေသည့် အင်းဝရှိ မယ်နု အုတ်ကျောင်းဟု နာမည်ကြီးသော မဟာအောင်မြေဘုံစံကျောင်း (ဓာတ်ပုံ- ဇာနည်မာန်)

အင်းဝကနေ မျှော်နေမည်

by ဇာနည်မာန်
11 September 2013
3.3k

ကျနော်တို့ ရဲတွေကိုလည်း ကြောက်ရတယ်။ တကယ်လို့ ကျနော်တို့ကို သိသွားရင် ဒါမှမဟုတ် အင်တာနက်မှာ ကျနော်တို့ ဓာတ်ပုံတွေတွေ့သွားရင် သူတို့ရောက်လာပြီးတော့ ကျနော်တို့ကို ဆူမယ်။ ဒီမှာလာပြီး ဈေးမရောင်းနဲ့လို့ အတင်း မောင်း ထုတ်မယ်လေ”

ဧည့်စာရင်း, ရန်ကုန်

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

by သွေး (စစ်ကိုင်း)
2 October 2013
4.7k

ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။

လက်ဖက်မြို့တော်သို့ အလည်တခေါက်

လက်ဖက်မြို့တော်သို့ အလည်တခေါက်

by ရန်ပိုင်
15 August 2013
5.9k

ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိ လာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့...

Next Post
သူပုန်ကျောင်းသား တဦးရဲ့ ပြည်တော်ပြန် ခရီးစဉ် (၁၁)

သူပုန်ကျောင်းသား တဦးရဲ့ ပြည်တော်ပြန် ခရီးစဉ် (၁၁)

ဘောလီဘော နှစ်သင်းကို လေ့လာခြင်း

ဘောလီဘော နှစ်သင်းကို လေ့လာခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate