သတင်းတို

တရုတ်-မြန်မာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်း လေ့ကျင့်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးနှင့် လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် တရုတ် ရေကြောင်းဌာနမှ အကြီးဆုံး ရှာဖွေကယ်ဆယ်ရေး သင်္ဘော M.V HAIXUM 01 သည် မြန်မာ နိုင်ငံရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သီလဝါဆိပ်ကမ်း အနီးတွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများပူး ပေါင်း လေ့ကျင့်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်း စာ တွင် ဖော်ပြထားသည်။ ယင်း ရှာဖွေကယ်ဆယ်ရေး သင်္ဘောသည် ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ခံ တံတားသို့ ဆိုက်ကပ်ခဲ့ကြောင်း၊ သင်္ဘောမှာ အလျား ၁၂၈ ဒသမ ၆ မီတာ၊ အနံ ၁၆ မီတာ၊ ရေစူး ၅ ဒသမ ၅ မီတာနှင့် ရေတန်ချိန် ၅၄၁၈ တန် ရှိကြောင်း၊ အဆိုပါ သင်္ဘောသည် ယမန်နေ့နံနက် ၉ နာရီခန့်တွင် မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းမှ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။

Loading