အိန္ဒိယက မြန်မာကို ဘေလီတံတား ၇ စင်း ပေးအပ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အိန္ဒယနိုင်ငံ အင်ဖာရ် မြို့ The headquarters of Red Shield Division, Leimakhong ၌ ဇူလိုင် ၂၃ ရက်မှ စတင်၍ သုံးရက်ကြာ ကျင်း ပသည့် နှစ်နိုင်ငံ နယ်စပ်ရေးရာ ကော်မတီအစည်းအဝေးတွင် အိန္ဒိယ ဒု ဗိုလ်ချုပ်ကြီး Arun Kumar Sahni က အနောက်မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလွင်ကို ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီးဟု လူ သိများသော တမူး-ကလေး-ကလေးဝ လမ်းပေါ်တွင် တည်ရှိသည့် တံတား ၇ စင်းကို ကွန်ကရစ်တံတား များအဖြစ် အိန္ဒိယနိုင်ငံ BRTF အဖွဲ့က ပြုပြင်မှုလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းကို ၂ဝ၁၆ ခုနှစ် မတိုင်မီ အဝေးပြေး လမ်းမကြီး အဆင့်သို့ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မို ဟန် ဆင်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင်လည်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။