ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. MR. JOHN BERCOW နှင့်အဖွဲ့သည် မကြာမီရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည် ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၏ ဖိတ်ကြားသည့် ခရီးစဉ် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ MR. JOHN BERCOW သည် လူ့ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ လိင်တူချစ်သူများ အခွင့်အရေး၊ ဆွံ့အသူများ အကူအညီပေးရေး စသည်တို့ကို စိတ်ဝင်စားသူ ဖြစ်သည်ဟုလည်း ဆိုသည်။ သမ္မတ ဦးသိန်းစိန်ကလည်း မကြသေးခင်က ဗြိတိန်သို့ သွားရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။