သတင်းတို

ထိုင်းတွင် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးသစ်များ ထပ်ဖွင့်မည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးသစ် ၅ ရုံး ထပ်မံဖွင့်လှစ်ရန် စီစဉ် နေကြောင်း သိရသည်။ ယင်း ရုံးသစ်များသည် ယခင် ဖွင့်လှစ်ထားသည့် ရုံးများကို ဖျက်သိမ်းပြီးနောက်တွင် ဖွင့်လှစ်မည် ဖြစ် ကြောင်း၊ ရုံးဟောင်းများမှာ စမုတ်ပရာကန်၊ စမုတ်စခွန်၊ စူရတ်ဌာနီ၊ ချင်းမိုင် ၊ လရောင်၊ ပထုံဌာနီ၊ ကန်ချနာဘူရီ၊ နခွန်ရက်ချ်စီမာ၊ ခွန်ခမ်၊ ဆုန်ခလာ မြို့များတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းရုံးများ၏ သက်တမ်းမှာ သြဂုတ်လ ၁၁ ရက်အထိ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။

Loading