မြန်မာ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဘရာ ဇီး သမ္မတနိုင်ငံ အမျိုးသား တရားရုံးချုပ် တရားသူကြီး Mr. Antonio Herman Benjamin နှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်စာ၌ ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီး နှစ်နိုင်ငံ စီးပွားရေး၊ တရားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေရေးရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဘရာဇီး တရားသူကြီးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းနှင့် တွေ့ဆုံကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ခုံရုံး၏ ဆောင်ရွက်ချက်များ၊ ဘရာဇီး တရားရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။