မြန်မာ့ တပ်မတော်ရေ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယ ရေတပ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး D.K. Joshi နှင့် နယူးဒေလီ မြို့တွင် ယမန်နေ့က တွေ့ဆုံကြောင်း သိရသည်။ ရေတပ် ခေါင်းဆောင် နှစ်ဦးသည် နှစ်နိုင်ငံ ရေတပ်မတော်များ အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြောင်း ANI သတင်း တရပ်တွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်ကြီး Joshi က ယင်းသို့ တွေ့ဆုံဆွေးနွေးမှုမှ နှစ်နိုင်ငံ ရေတပ်မတော်များကြား ပိုမို အင်အားတောင့်တင်း ခိုင်မာသည့် ပူးပေါင်း ဆောင် ရွက်မှု ရရှိစေမှာဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။ ဒု ဗိုလ်ချုပ်ကြီး သူရ သက်ဆွေသည် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K Antony နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။