ပြည်ထောင်စု လွှတ်တော်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို ဇူလိုင် ၂၉ ရက်စွဲဖြင့် ပြဌာန်းလိုက်သည်။ သက်ဆိုင် သည့် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု ပုံစံ၊ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်နှင့် အခွင့်အရေးများ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ မတည်ငွေရင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာ ပြစ်ဒဏ်များ၊ အငြင်းပွားမှု ဖြေရှင်းခြင်း စသည့် အခန်းပေါင်း ၁၈ ခန်း ပါဝင်သည့် ယင်း ဥပဒေ ကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး၍ ထုတ်ပြန်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အခန်း ၇ ခန်း ပါဝင် သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြဌာန်းလိုက်ကြောင်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။