မကွေးတိုင်း တောင်တွင်းကြီးမြို့ အနောက်ဘက် ကုက္ကိုခွရွာ၏ မြောက်ဘက်ရှိ ဗိဿနိုးမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရန် ယူနက်စကို (UNESCO) သို့ တင်သွင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်က စာရင်းတင်သွင်း ခဲ့ရာ လာမည့် ၂၀၁၄ ခုနှစ် ဇွန်လတွင် သိရှိရမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဗိဿနိုင်းဌာနစု လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောကြားသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ဗိဿနိုးမြို့ဟောင်းသည် အေဒီ ၁ ရာစုမှ ၅ ရာစုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သော မြန်မာနိုင်ငံ၏ ရှေးမြို့ဟောင်း ဖြစ်ပြီး ရှေးဟောင်း အဆောက်အအုံ တည်ရှိရာ ဇုန်၊ ရှေးဟောင်းနယ်မြေ တည်ရှိရာဇုန်၊ ကာကွယ် ထိန်းသိမ်းထားသော ဇုန် ဟူ၍ ဇုန် ၃ ခု ခွဲကာ ထိန်းသိမ်းလျက်ရှိသည်။ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ရှေးပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာပါက ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်လာကာ ဒေသတွင်း ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိလာမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။