ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက် ဘက်မိုင်(၃၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ၏ အင်တာနက် စာမျက်နှာ၌ ယနေ့ နံနက် ၇ နာရီ ထုန်ပြန်ချက်ကို ဖော်ပြထားသည်။ ယင်း မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက် လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ သြရိသ ကမ်းခြေသို့ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းကြောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင်လည်း မုတ်သုံလေ ပိုမိုအားကောင်း လာကြောင်းလည်း ပါရှိသည်။ ယနေ့ ညနေ အထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်း အောက်ပိုင်း နှင့် မန္တလေးတိုင်း တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ် တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နှင့် တနင်္သာရီတိုင်း တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းကြီးမည် ဖြစ်ပြီး မိုးသက် လေပြင်း ကျစဉ် ရေပြင်၊ မြေပြင် လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း မုန်တိုင်း အခြေအနေကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ငါးဖမ်းရေယာဉ်ငယ် များ ကမ်းဝေး ငါးဖမ်းခြင်း မပြုရန်နှင့် နီးစပ်ရာ လုံခြုံသည့်ကျွန်းများတွင် ကျွန်းခိုကြရန် သတိပေး ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။