သမ္မတ ဦးသိန်းစိန်သည် ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. John Bercow နှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်ရေး၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ရခိုင်ပြည်နယ် ပဋိပက္ခ အရေး စသည်တို့ကို ဆွေးနွေးကြောင်း သိရသည်။ ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ သည် မြန်မာ လွှတ်တော် ဥက္ကဌ များ ဖြစ်သော ဦးခင်အောင်မြင့်၊ ဦးရွှေမန်း အပါအဝင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။