သမ္မတ ဦးသိန်းစိန်၏ ရေဒီယို အစီအစဉ်များမှ တဆင့် လစဉ်ပြောကြားသည့် သြဂုတ်လ မိန့်ခွန်းတွင် ဘာသာရေးနှင့် နိုင်ငံရေး မရောစပ်၊ စည်းတားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ရွှေတိဂုံ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းကို ကိုးကား ပြောဆို လိုက်သည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးမည်ဖြစ်ကြောင်းလည်း ပါရှိသည်။ သမ္မတ၏ ပြောကြားချက် တွင် လွတ်လပ် စွာ ဘာသာကိုးကွယ်နိုင်မှုဟာ နိုင်ငံသားအခွင့်အရေးတွေထဲက တခုဖြစ်ကြောင်း၊ ဘာသာတရား၏ နာမကို အလွဲသုံးစားလုပ်ပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို လူ့အဖွဲ့အစည်းက လျစ်လျူရှုနိုင်မည် မဟုတ်ကြောင်း၊ လူအများကို နစ်နာစေမည့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုများ၊ လုပ်ဆောင်မှုများကိုလည်း တားမြစ်သွားရမှာ ဖြစ်ကြောင်း၊ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှု ဆိုတဲ့ အခွင့်အရေးတွင် နိုင်ငံရေးနှင့် ကိုးကွယ်သည့် ဘာသာရေး နှစ်ဌာနစပ်ကြား စည်းတားရမည် ဖြစ်ကြောင်း၊ ဘာသာရေးနှင့် နိုင်ငံရေး ကို ရောစပ်ပါမူ ဘာသာရေး၏သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်ကို ကိုးကား ပြောကြား မှုများ ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။