သတင်းတို
ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌများ ခန့်အပ် ပြောင်းလဲ တာဝန်ပေး
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ နှင့် ဒု ဥက္ကဋ္ဌများ ခန့်အပ် ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း သိရသည်။ သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်စွဲပါ အမိန့်အမှတ်၊ ၂၉/၂၀၁၃ ဖြင့် ဦးကျော်ကျော်မောင် အား ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဦးသန်းညိန်း အား ဒုတိယ ဥက္ကဋ္ဌ၊ ဒေါ်ခင်စောဦး အား ဒုတိယ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန် ပေးအပ်လိုက်ကြောင်း၊ အမိန့် အမှတ် ၃၀/၂၀၁၃ ဖြင့် အမျိုးသား စီမံ ကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်အား ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန် ပေးလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထာားသည်။