ပြည်ထောင်စုလွှတ်တော်က ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေးနှင့် တရားဥပဒေကို လေးစားလိုက်နာကြရန် ကြေညာချက် ကို ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ လက်ရှိ နိုင်ငံတော် သမ္မတ ဦးစီး ဆောင်ရွက်နေသော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ ပဲခူးတိုင်းနှင့် လားရှိုးမြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ နှင့် ပတ်သက်ပြီး မေတ္တာ ရပ်ခံချက်ကို ထုတ်ပြန်ထားခြင်း ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။