နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိသော ထိုင်းနိုင်ငံသားများနှင့် တတိယ နိုင်ငံသားများ ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်၊ မြဝတီ နှင့် ကော့သောင်း မြို့များ၏ ဝင်/ထွက် စခန်းများမှ မြန်မာနိုင်ငံတွင်းသို့ သြဂုတ်လ ပထမ ပတ်အတွင်း သွားရောက် လည်ပတ်ခွင့်ပြုကြောင်း သိရသည်။ နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်သတ်ထားသည့် နယ်မြေ များ နှင့် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက လုံခြုံရေးအရ အခါအားလျော်စွာ တားမြစ်ထားသည့် နယ်မြေများမှ အပ ကျန်နယ်မြေများကို သွားလာခွင့်ပြုသည်ဟုလည်း ဆိုသည်။ ဇူလိုင် ၃၀ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ကျင်းပသည့် လဝက နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ က နယ်စပ် စခန်းများမှ ဝင်ထွက်ခွင့်ပြုခြင်း ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန် ပြောဆိုကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။