ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ သတင်းစာ ရှင်းလင်းပွဲ
ကျင်းပမည် ဖြစ်သည်။ ယင်းရှင်းလင်းပွဲကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ ရက်အထိ ပြုလုပ်သော ညီလာခံ ရလဒ်နှင့် ပတ်သက်ပြီး ကျင်းပခြင်း ဖြစ်ကြောင်း၊ ညီလာခံ၌ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု စနစ် နှင့် တပ်မတော်ပိုင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း၊ ညီလာခံသို့ UNFC နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ် ၁၅၀ ခန့် တက်ရောက်ကြောင်း သိရ သည်။