သတင်းတို

မိုးလိုနေသည့် မြန်မာပြည် အလယ်ပိုင်း မိုးရွာတော့မည်

This article has been converted from Zawgyi One to Unicode

မုတ်သုံမိုး ယာယီ အားလျော့သွားနိုင်သော်လည်း တောင် တရုတ်ပင်လယ်ပြင် အတွင်း စတင်လာသည့် တိုင်ဖွန်းမုန်တိုင်း JEBI သည် ဗီယက်နမ်မှ တဆင့် မြန်မာနိုင်ငံမြောက်ပိုင်းကို လာနိုင်သဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် မိုးရွာမည့် အခွင့်အလမ်း ရှိနေကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။ မြောက် ပစိဖိတ် သမုဒ္ဒရာ အနောက်ဘက်ပိုင်းတွင် ယခုနှစ်အတွင်း ၉ ကြိမ်မြောက် ဖြစ်ပေါ်လာသည့် တိုင်ဖွန်း JEBI သည် သြဂုတ် ၃ ရက် နေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပြီး သြဂုတ် ၄ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ တချို့ကို ဖြတ်ကျော် သွားနိုင်ကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးရွာနိုင်ကြောင်း၊ ယခုနှစ် အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ အနီးကို ရောက်ရှိလာနိုင်သည့် အရှေ့လေပွေလှိုင်းသည် ပထမဆုံး ဝင်ရောက် လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

Loading