သတင်းတို

အမေရိကန်-မြန်မာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး စမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး စတင်နိုင်ရန် အမေရိကန်နိုင်ငံက ပြင်ဆင်နေကြောင်း သတင်းရသည်။ မြန်မာစစ် ဘက် အရာရှိများနှင့် ပထမ အဆင့် ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အမေရိကန် သမ္မတ အိုဘားမား ၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တဦးဖြစ်သည့် ဘန်န် ရုဒ်စ် (Ben Rhodes) ၏ ပြောကြားချက်ကို ကိုးကား၍ VOA သတင်း ၌ ဖော်ပြထားသည်။ ထိတွေ့ ဆက်ဆံရာ၌ စစ်ရေးဆိုင်ရာ၊ စစ်လက်နက် ပစ္စည်းပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်း ပေးခြင်းမျိုး မဟုတ် ကြောင်း၊ အကူအညီပေးခြင်း ဆိုင်ရာ ၊ ဥပဒေပိုင်း ဆိုင်ရာ ၊ လူ့အခွင့်အရေးပိုင်း ဆိုင်ရာများ ဖြစ်ကြောင်း သိရသည်။

Loading