သတင်းတို
ရန်ကုန် ဟိုတယ်ဇုန် မဆောက်ဖြစ်တော့
This article has been converted from Zawgyi One to Unicode
ရန်ကုန်တိုင်း အတွင်း ဟိုတယ်ဇုန် ဆောက်လုပ်မည့် အစီအစဉ်ကို ပြန်လည် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ ယင်း အစီအစဉ် ကို ယခုနှစ်ဆန်းပိုင်းက စတင်ခြင်း ဖြစ်ပြီး မြေဈေးများတက်၍ မြေနေရာ ရှာမရသောကြောင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းကို ကိုးကား၍ ဘီဘီစီ သတင်းက ဆိုသည်။ မူလ လျာထားသည့် မြေနေရာများမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမ အစ လှည်းကူးမြို့နယ်က နေရာ၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင် အနီးနှင့် မင်္ဂလာဒုံ မြို့နယ်တွင်း က နေရာများ ဖြစ်ကြောင်း၊ ထိုနေရာများကို ဟိုတယ်ဇုန် ဆောက်ရန် သွားရောက်ကြည့်ရှုပြီး နောက်ပိုင်း မြေဈေးများ တက်လာခြင်း ဖြစ်ကြောင်း၊ စစ်တပ်ပိုင် မြေများလည်း ပါဝင်နေကြောင်း သိရသည်။