သတင်းတို
မလေးရှားမှ ပြန်လိုသူ ၂၇၀၀ ကျော် ရှိနေသေး
This article has been converted from Zawgyi One to Unicode
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသို့ပြန်လိုသူ မြန်မာနိုင်ငံသား ၂၇၀၀ ကျော် ရှိနေသေးကြောင်း သတင်းရသည်။ ယင်းအရေအတွက်မှာ မြန်မာနိုင်ငံသို့ တရားဝင် ပြန်ရန် ကူညီဆောင်ရွက်ပေးသော ဧရာဝတီ ဖောင်ဒေးရှင်းနှင့် သီတဂူ ဖောင်ဒေး ရှင်း တို့တွင် ပြန်လိုသူများက ပေးထားသော စာရင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထိုသူ များ ပြန်နိုင်ရေး အတွက် မလေးရှား လဝက ၊ မြန်မာသံရုံး နှင့် လူမှု ကူညီရေး အဖွဲ့များက ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု လည်း ဆို သည်။ မလေးရှားနိုင်ငံ ဆာလာရမ်း နယ်မြေတွင် ပြီးခဲ့သည့် မေလကုန်ပိုင်းက ဖြစ်ပွားသည့် မြန်မာနိုင်ငံသားများ တိုက် ခိုက်ခံရမှု ပဋိပက္ခ ဖြစ်ပွားပြီးနောက် ယင်းသို့ မြန်မာနိုင်ငံသားများ ပြန်နေကြခြင်း ဖြစ်သည်။