သတင်းတို

ဘဏ်များအကြား နိုင်ငံခြား ငွေကြေး ဈေးကွက် စတင် ဖွင့်လှစ်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံရှိ ဘဏ်များ အကြား နိုင်ငံခြား ငွေကြေး ဈေးကွက် စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ယင်းငွေကြေး ဈေးကွက် ကို နိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ရန်ကုန် နိုင်ငံခြား ဈေးကွက်ကော်မတီက သြဂုတ် ၅ ရက်တွင် စတင် အကောင်အထည် ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယခု နိုင်ငံခြား ငွေကြေး ဈေးကွက် သည် ဘဏ်များ အကြား တန်းတူညီမျှစွာ ယှဉ်ပြိုင်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ ဈေးကွက်၏ လက်ရှိ အခြေအနေနှင့် လိုက်လျော ညီထွေမှု ရှိခြင်း၊ ငွေဖြစ်လွယ်မှု မြင့်မားခြင်း၊ လေ့လာ ထိန်းကျောင်းမှု ပီပြင်စွာ ဆောင်ရွက်နိုင်ခြင်း၊ ထိရောက်စွာ ပါဝင် ထိန်းသိမ်း နိုင်ခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံစေရန် ရည်ရွယ်ကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

Loading