• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အသက် မပြည့်သည့် မိန်းကလေးကို အဓမ္မကျင့်သူအား ထောင်ဒဏ် ၈ နှစ်ချမှတ်

by နန်းဆိုင်နွမ်
5 August 2013
in သတင်း
A A
အသက် မပြည့်သည့် မိန်းကလေးကို အဓမ္မကျင့်သူအား ထောင်ဒဏ် ၈ နှစ်ချမှတ်

အခြိမ်းခြောက်ခံခဲ့ရသည့် မိန်းကလေး (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

17.9k
VIEWS
Share on FacebookShare on Twitter

အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက် အဓမ္မ ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်အား ယနေ့ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးမှ ထောင်ဒဏ် ၈ နှစ် ချလိုက်ကြောင်း သိရသည်။

ဆိုင်ရှင် အမျိုးသားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းတွင် ချုပ်ထားကာ (ပ) နံပါတ် ၃၅/ ၁၃/ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ တိုင်ကြားစွဲဆိုခဲ့သည့် အမှုအား ထောင်ဒဏ် ချလိုက်ခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
132
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.3k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
126

“အသက်မပြည့်တဲ့ ကလေးငယ်ကို အဓမ္မကျင့်ပြီး ဆေးတွေတိုက်တယ်။ ပြီးတော့ ကလေးမကို ဟိုပို့ဒီပို့ လုပ်တယ်။ အဲဒါကို ကြည့်ပြီးတော့ ထောင်ဒဏ် ၈ နှစ်ပဲချတယ်ဆိုတာ ပိုဆိုးပါတယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ။ ကျမ သိသလောက်ဆိုရင်တော့ တရားခံကို ထောင်ဒဏ် ၁၅ နှစ်ကနေ အနှစ်၂၀ အနည်းဆုံး ချနိုင်တယ်” ဟု ဒေါ်လေးလေးက ဆိုသည်။

အရွယ် မရောက်သေးသည့် ကလေးတဦးကို အဓမ္မကျင့်ကာ ထောင်ဒဏ် နှစ်အနည်းငယ် ချလိုက်သည့် အတွက် မထိုက်တန်ကြောင်း၊ ယခု ကလေး၏ ဘ၀ ရပ်တည်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ရှင်သန်ရန် အချိန်များစွာ ယူရမည်ဖြစ်ကြောင်း၊ အဓမ္မကျင့်ပြီး ဆေးများစွာ တိုက်ကျွေးခဲ့သဖြင့် ကလေး၏ ကျန်းမာရေးမှာ မကောင်းနိုင်တော့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော့်ရဲ့ တူမက အခုဆိုရင် နေ့တိုင်းလိုလို ဗိုက်အောင့်နေတယ်။ ကျန်းမာရေး မကောင်းတဲ့ ကြားကနေ တရားရုံးကိုသွား ရတယ်။ အသက်အရွယ်နဲ့ မလိုက် အနိုင်ကျင့်ခံရပြီး တရားခံကို အမိန့်ချတော့ ထောင်ဒဏ် ၈ နှစ်ဆိုတာ အရမ်းနည်းတယ်။သူ့ဘ၀ ရပ်တည်ဖို့အတွက် တော်တော် ရှက်နေတယ်” ဟု ကလေး၏ အုပ်ထိန်းသူ ဦးတင်ဌေးက ဧရာဝတီသို့ ပြောသည်။

ရန်ကုန် မြောက်ဥက္ကလာပရှိ ချယ်ရီ စားသောက်ဆိုင်တွင် ၂၀၁၀ ပြည့်နှစ်က လုပ်အားခ တလ ကျပ် ၁ သောင်းခွဲဖြင့် အလုပ်လုပ်ရန် မိဘများက အပ်နှံခဲ့ကြောင်း၊ ၎င်းကို ဆိုင်ရှင် အမျိုးသားက ၆ ကြိမ်တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ဆိုင်ရှင်၏ ဇနီး သိရှိသွားသည့် နောက်ပိုင်းတွင် ပြဿနာ တစုံတရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်အမျိုးသား၏ အစ်မအိမ်သို့ တလခန့် ပို့ထားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မြောက်ဥက္ကလာပ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ ပို့ထားခဲ့ပြီး ၎င်းနေရာတွင် မလုံခြုံဟု ယူဆကာ လာရောက်ခေါ်ယူ၍ အောင်မင်္ဂလာ ကားဝင်းရှိ သန့်စင်ခန်းတွင် ၃ လခန့် သွားရောက် ကူညီလုပ်ကိုင်စေခဲ့ကြောင်း၊ ယင်းနေရာတွင် မကြာခဏ လာရောက် ခြိမ်းခြောက်ကြကြောင်း၊ ၎င်းနောက်တွင်မှ နေအိမ်သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရှာတွေ့ကာ ဆက်သွယ်ခဲ့ရကြောင်း မိန်းကလေးက ၎င်း အဖမ်းမခံရမီ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီကို ရှင်းပြခဲ့သည်။

အဓမ္မမှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင် ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့ကြောင်း ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး (ပ) နံပါတ် ၁၀၄/ ၁၃ ပုဒ်မ ၃၈၁ ဖြင့် ပြန်လည်တရားစွဲဆိုထားကာ ရန်ကုန်
နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ၂၄ ရက်နေ့က ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မိန်းကလေးဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကွန်ရက်မှ ဦးအောင်သိန်းက “တကယ်ဆိုရင် ခရိုင် တရားရုံးကနေပြီးတော့ ဒီလိုအမှုကို ၁၀ နှစ်ကနေ တသက်တကျွန်းအထိ စီရင်ပိုင်ခွင့်ရှိပါတယ်။အခုတော့ ထောင်ဒဏ် ၈ နှစ်ဆိုတော့ ကျနော်တို့ အနေနဲ့ များတယ် နည်းတယ်ဆိုတာ မပြောချင်တော့ပါဘူး။ တချို့ ကလေးသူငယ် အမှုတွေတောင် ကျနော်တို့ မဖော်ထုတ် နိုင်တာတွေ ရှိခဲ့တာပဲလေ။ ကလေး အမှုတွေက ပျောက်သွားတာ များပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ တံတားဦးမြို့နယ်တွင် ၂၀၁၃ ခုနစ်မတ်လ ၈ ရက်နေ့က အကြော်ရောင်းသည့် အသက် ၃၄ နှစ် အရွယ် အမျိုးသမီးအား အဓမ္မကျင့် ပစ္စည်းယူလူသတ်ခဲ့သူကို (ပ) ၁၄/၂၀၁၃ ပုဒ်မ ၃၉/ ၃၀၂/ ၃၇၆ ဖြင့် စွဲချက်တင်ပြီး ကျောက်ဆည် ခရိုင်တရားရုံးက ဇူလိုင် ၃၀ ရက်နေ့က သေဒဏ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ရောက်မှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက်ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေးများ ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

Your Thoughts …
Tags: AbuseChildrenRapeRule of Law
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
254

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

Next Post
အစိုးရနှင့် ABSDF ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုး

အစိုးရနှင့် ABSDF ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုး

အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate