သတင်းတို
အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတကျောင်း၌ အသေးစား ဗုံးပေါက်ကွဲမှု ယမန်နေ့က ဖြစ်ပွားခဲ့ပြီး လူသုံးဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ ဂျကာတာ အနောက်ပိုင်းရှိ ဧကာယန (Ekayana) ဘုန်းကြီးကျောင်းအတွင်း လူအများဝတ်ပြုနေစဉ် ဗုံးပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ မပေါက်ကွဲသည့် ဗုံးတလုံးလည်း တွေ့ရှိရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောသည်။ အင်ဒိုနီးရှား သာသနာရေး ဝန်ကြီး ဆူရိယဓမ္မ အလီ (Suryadharma Ali) က “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံတွေ ငါတို့ ကြားနေရတယ်” ဟူသော စာတန်းကို အခင်းဖြစ်ပွားရာ၌ တွေ့ရကြောင်း ပြောသည်။