သတင်း

မလေးရှား၌ မြန်မာနိုင်ငံသား တဦး ထပ်မံ တိုက်ခိုက်ခံရပြီး သေဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံစိတ်ချရမှု မရှိသေးသည့်အပြင် ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မြန်မာနိုင်ငံသား တဦး ထပ်မံ တိုက်ခိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာလာရမ်း (Sealyang) အရပ်တွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်ရှိ ကို သန်းသန်း ဆိုသော လူငယ်တဦးသည် ၎င်း၏ သူငယ်ချင်းအိမ်သို့ သြဂုတ်လ ၃ ရက်နေ့ ညနေက သွားလည်စဉ် အမည်မသိ လူ ၃ ဦးက ဓားဖြင့် ထိုး၍ သေဆုံးသွားရကြောင်း ကပုန်းနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။

“သူ့သူငယ်ချင်းအိမ်ရှေ့ အရောက် ဆိုင်ကယ်ရပ်တာနဲ့ ကားတစီးနဲ့ရောက်လာတဲ့ လူ ၃ ယောက်က ဓားနဲ့အချက်ပေါင်း များ စွာ ထိုးတာ ခံလိုက်ရတယ်၊ အလောင်းကတော့ အခုဆေးရုံမှာပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသားများအတွက် ဆာလာရမ်း အရပ်အပါအဝင် နေရာတချို့၌ လုံခြုံမှု လုံး၀ မရှိသေးကြောင်း၊ မြန်မာနိုင်ငံသား များ အား တိုက်ခိုက်သည့် တရားခံများကိုလည်း မလေးရှား အစိုးရက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း၊ ယနေ့အထိ တရားခံ တဦးတယောက်မှ ဖော်ထုတ်နိုင်ခြင်းလည်း မရှိသေးကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် မိမိနိုင်ငံသို့ ပြန်ရန် လက်ရှိ စာရင်းပေးထားသူ ဦးရေ ၃၀၀၀ ဝန်းကျင်ရှိကြောင်း၊ ၎င်းတို့ ပြည် တော်ပြန်ရေး အတွက် လာမည့် သီတင်းပတ်မှ စ၍ အသုတ်လိုက်ပို့နိုင်ရေး မြန်မာသံရုံး အာဏာပိုင်များ၊ မလေးရှား အာဏာ ပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မလေးရှား အခြေစိုက် ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ခံ ဦးသီဟမောင်မောင် က ပြောသည်။

မလေးရှား၌ တရားမဝင်နေထိုင်သူများ မြန်မာပြည်ပြန်ရေး ဆောင်ရွက်ရာတွင်လည်း ဒဏ်ကြေးငွေကို မလေးရှား အစိုးရက ရင်းဂစ် ၄၀၀ မှ ၃၀၀၀ အထိ သတ်မှတ်လိုက်သည့်အတွက် အများစုမှာ ပြန်တော်ပြန်ရန် အခက်အခဲများ ဖြစ်နေရကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

“ဒါက မလေးရှားရဲ့ဥပဒေအရ ထုတ်ထားတာပါ၊ ဒါပေမယ့် ၄၀၀ နဲ့ပဲ သတ်မှတ်ပေးဖို့ မလေးရှား အာဏာပိုင်တွေနဲ့ မြန်မာ သံရုံး တို့ဆွေးနွေးကြတာ အဆင်ပြေပါတယ်”ဟု ဦးသီဟမောင်မောင် က ပြောသည်။

ဧရာဝတီ ဖောင်ဒေးရှင်းနှင့် သီတဂူ ဖောင်ဒေးရှင်းတို့ထံ စာရင်းပေးထားသည့် လူ ဦးရေ ၃၀၀၀ ဝန်းကျင် အတွက် ခရီးစရိတ် အလုံးစုံ ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ မေလးရှား သံရုံးကို ပေးဆောင်ရမည့် ရင်းဂစ်ငွေ ၄၀၀ ကိုလည်း သီတဂူ ဆရာတော်ကြီး က ပေးဆောင်သွားမည် ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လိုသူများသည် လေကြောင်းလိုင်း အပြင် နယ်စပ်မှတဆင့် ပြန်သူများလည်း ရှိကြောင်း အစိုးရ သတင်း စာ ၌ ဖော်ပြထားသည်။

မလေးရောက် မြန်မာများ တိုက်ခိုက်ခံရမှု ပြဿနာသည် ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ်လုပ်ကိုင်နေသည့် ကိုဝင်းခိုင်နှင့်နာဆစ် ခေါ် ကိုမင်းဇော် ဆိုသူတို့အား မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် အုပ်စုဖွဲ့ တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရ သည့် အချိန်မှစ၍ ဆက်တိုက်ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။
ထိုအချိန်မှ ယနေ့အထိ အသတ်ခံရသူ ၈ ဦး ရှိပြီး ဒဏ်ရာရသူ ဆယ်ဂဏန်းရှိကြောင်း ကပုန်းနာရေး အသင်းထံမှ သိရသည်။

မလေးရှားမှ မြန်မာပြည်သို့ ပြန်သူများကို ဧရာဝတီ ဖောင်ဒေးရှင်း၊ သီတဂူ ဖောင်ဒေးရှင်း၊ ကမ္ဘောဇ ကုမ္ပဏီ စသည်တို့၏ စီ စဉ်မှုဖြင့် ပြန်သူ ဦးရေ ယနေ့အထိ ၁၀၀၀ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ပြန်ရန် စာရင်းပေးထားသူ ၃၀၀၀ ဝန်းကျင် ကိုလည်း အမြန်ဆုံး ပြန်နိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ဦးသီဟမောင်မောင် က ဆိုသည်။

လက်ရှိတွင် မလေးရှား၌ အခြေအနေများ တည်ငြိမ်သွားပြီဖြစ်၍ မြန်မာနိုင်ငံတွင်းမှ မလေးရှားသို့ အလုပ်သွားလုပ် လိုသူများ ကို ယခင်အတိုင်း ပို့ဆောင်ပေးနေပြီ ဖြစ်ကြောင်း အလုပ်သမား အေဂျင်စီ တချို့၏ ပြောဆိုမှုသည် အခြေအနေမှန်ကို သေ ချာမသိဘဲ ခန့်မှန်း ပြောဆိုခြင်းသာ ဖြစ်ကြောင်း ကပုန်းနာရေး အသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading