တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့တွင် အဆင့်ဆင့်ဆွေးနွေးပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ တောင်သူလယ်သမားများ အကျိုးစီးပွား မြှင့်တင်ရေး အတွက် လို အပ်သည့် အရင်းအနှီး၊ ချေးငွေနှင့် အကူအညီများ ရရှိရေး၊ နည်းပညာနှင့် အထောက်အပံ့များ ရရှိရေး၊ ပတ်ဝန်းကျင်နိုင်ငံများ၏ အတွေ့အကြုံနှင့် ဆောင်ရွက်ပေးမှုများကို လေ့လာပြီး မိမိတို့ နိုင်ငံသားများအတွက် ထိရောက်စွာ လက်တွေ့ ဆောင်ရွက်ပေးနိုင် မည့် အချက်များ ဖြည့်စွက်ထည့်သွင်း ရေးဆွဲရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။