သတင်းတို

လက်ပံတောင်း ဒေသ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်း

This article has been converted from Zawgyi One to Unicode

လက်ပံတောင်းဒေသ ဇီးတော၊ ဆည်တဲ ရွာများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သြဂုတ် ၆ ရက် ညည့်နက်ပိုင်းတွင် ကားများဖြင့် ရောက်ရှိလာပြီး စီးနင်းရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း သိရသည်။ လုံခြုံရေး အင်အား ၃၀၀ ခန့်သည် ရွာသားများကို ရိုက်နှက် ဖမ်းဆီးပြီး စစ်ကားပေါ် တင်သွားကြောင်း၊ ထွက်ပြေး လွတ်မြောက်လာသူ အချို့ရှိပြီး၊ ရွာသား ၄ ဦးခန့်လည်း ပျောက်ဆုံးနေကြောင်း ဒေသခံ တဦးကပြောသည်။ ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့ က လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရနှင့် ဝမ်ပေါင်ကုမ္ပဏီ အကြား ချုပ်ဆိုသည့် စာချုပ် အသစ်ပါ သဘောတူညီချက်များကို ဒေသခံများက ကျေနပ်မှုမရှိ၍ သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ခဲ့သည့် ဖြစ်ရပ် ရှိခဲ့သည်။

Loading