ထိုင်းနိုင်ငံက ဘတ်ငွေ သန်း ၆၀ မြန်မာ့ ဆီးဂိမ်းအတွက် ကူညီမည်
This article has been converted from Zawgyi One to Unicode
နေပြည်တော်တွင် လာမည့် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် ထိုင်း အားကစား အာဏာပိုင်အဖွဲ့က ထိုင်းဘတ် ၆၀ ဒသမ ၅ သန်း ကူညီပေးသွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်း ငွေများကို အားကစား ၁၄ မျိုး အတွက် လေ့ကျင့် သင်ကြားပေးသူများအား ထောက်ပံ့ ကူညီမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အားကစား ၆ မျိုး၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများကို ရက်ပေါင်း ၃၀ ကြာ လေ့ကျင့် သင်ကြားရေး စေလွှတ်မည်ဖြစ်ကြောင်း၊ ထိုင်း အားကစားနည်း ၇ ခု အတွက် လိုအပ်သည့် ကိရိယာ တန်ဆာပလာများ အတွက် ထိုင်းဘတ် ၂၈ ဒသမ ၅ သန်း သုံးစွဲမည် ဖြစ်ကြောင်း၊ ကျန်းမာရေး ဆိုင်ရာ အားကစားအတွက် ဘတ်ငွေ ၁၇ ဒသမ ၇ သန်း သုံးစွဲမည်ဖြစ်ကြောင်း နှင့် မြန်မနိုင်ငံ၏ နည်းပညာပိုင်း လိုအပ်ချက်များ အတွက်လည်း ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။