ဗြိတိန် အစိုးရက မြန်မာနိုင်ငံ၏ လုံခြုံရေး စိုးရိမ်ရသည့် ဒေသတချို့သို့ ခရီးသွားလာခြင်း မပြုရန် ဗြိတိန်နိုင်ငံသားများကို သတိပေး လိုက်သည်။ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ရုံး က ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင် ဒေသသို့ မဖြစ် မနေ သွားရန် မှ အပ သွားရောက်ခြင်း မပြုရန်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ်နှင့် မြန်မာ နိုင်ငံ အလယ်ပိုင်း က မြို့တချို့သို့ သွားရောက်ခြင်း မပြုရန် တို့ ပါဝင်သော သတိပေးချက်ကို ယမန်နေ့က ထုတ်ပြန် ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။