သတင်းတို
သမ္မတ ဦးသိန်းစိန် နှင့် ဗြိတိန် သံအမတ် တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာသွားတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Richard Heyn နှင့် ယမန်နေ့က တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်ပေါင်း ၂၀ ခန့် ဆက်ဆံရေး အခက်အခဲ ရှိခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေခြင်း၊ သန်းခေါင်စာရင်း ကောက် ကူရေးနှင့် နိုင်ငံ ဖွံ့ဖြိုးရေး အကူအညီ ပေါင် သန်း ၄၀ ခန့်ရှိခဲ့ခြင်းတို့ အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စ စသည်တို့နှင့် ပတ် သက်ပြီး ဦးသိန်းစိန်က ရှင်းလင်း ပြောကြားသည်ဟု ၊ ဗြိတိန် သံအမတ်ကြီးကလည်း ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်၍ သမ္မတ ၏ ဆောင်ရွက်မှုကို အလေးထားကြောင်း၊ ဆက်လက်ထောက်ခံ ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။