မြန်မာနိုင်ငံမှ ပတ္တမြား နှင့် ကျောက်စိမ်းအပါအဝင် ကျောက်မျက် ရတနာများ တင်ပို့ရောင်းချမှုကို အမေရိကန် နိုင်ငံက ဆက်လက် ပိတ်ပင်ထားဦးမည် ဖြစ်ကြောင်း AP သတင်းတရပ်တွင် ဖော်ပြထားသည်။ ကျောက်မျက် ထွက်ရှိရာဒေသသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသ၊ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ဖြစ်ပြီး ယင်းပဋိပက္ခများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အဟန့်အတား ဖြစ်စေကြောင်း၊ ကျောက်မျက် လုပ်ငန်းများကို မြန်မာ စစ် တပ် အရာရှိများက လွှမ်းမိုးချုပ်ကိုင်ထားခြင်းကြောင့် ယင်းသို့ ပိတ်ပင်ခြင်း ဖြစ်ကြောင်း သမ္မတ အိုဘားမား၏ လက်ထောက် အရာရှိ က ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။