အာဆီယံ အဖွဲ့ထူထောင်သည့် ၄၆ နှစ် မြောက် နေ့ ဖြစ်သော ယနေ့တွင် သမ္မတ ဦးသိန်းစိန်က အာဆီယံနေ့ အခမ်းအနားသို့ သဝဏ် လွှာပေးပို့သည်။ ယင်းသဝဏ်လွှာတွင် မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်ပြီး ၁၆ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌ အဖြစ် ပထမဆုံးအကြိမ် ထမ်းဆောင်မည် ဖြစ်ရာ အာဆီယံ အဖွဲ့ကြီး၏ လက်ရှိ အောင်မြင်မှုများ၊ အရှိန်အဟုန်များကို ဆက်လက် မြှင့်တင်နိုင်ရန်၊ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း ထူထောင်ရန်၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၊ ဆွေးနွွေးဘက်များ၏ ထောက်ခံအားပေးမှုကို ရယူလျက် ဥက္ကဋ္ဌ တာဝန်ကို အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက် ဘန်ကောက် ကြေညာ စာတမ်းဖြင့် စတင် ထူထောင် ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။