အပူပိုင်းမုန်တိုင်း MANGKHUT မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များရှိ ဒေသတချို့တွင် ရေဖုံးလွှမ်းခံရနိုင်မှုအန္တရာယ် မြင့်မားနေဆဲ ဖြစ်ကြောင်း သိရသည်။ ပဲခူး၊ မအူပင်၊ ဟုမ္မလင်းနှင့် ကျောက်ဖြူ၊ မင်္ဂလာဒုံ၊ ပုသိမ်နဲ့ သထုံ စသည့်မြို့များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။ မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သည့် ယင်းမုန်တိုင်းသည် ယနေ့ ဗီယက် နမ် နိုင်ငံ မြောက်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းကို ဖြတ်သန်းမည်ဟုလည်း သိရ သည်။ ရှမ်းပြည်နယ် ကို ယနေ့ညသန်းခေါင်ယံ အချိန်ခန့်တွင် စတင်ဖြတ်သန်းမည်ဟု ခန့်မှန်းရပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများဆီသို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။ ပြီးခဲ့သည့် ဇူလိုင် လ ကုန်ပိုင်းတွင် ကရင် ၊ မွန် နှင့် ရှမ်းပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားပြီး ဒေသခံများ ရေဘေး ဒုက္ခ ကြုံခဲ့ရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။