ရန်ကုန်မြို့တော် ခန်းမရှေ့ ၈ လေးလုံး ငွေရတု အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ
This article has been converted from Zawgyi One to Unicode
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'medium_large' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'xlarge' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461
Warning: Illegal string offset 'thumbnail' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

မြန်မာပြည်သူများ အားလုံး တက်ကြွစွာ ပါဝင်ခဲ့သော ၈ လေးလုံး ဒီမိုကရေစီ အရေးအခင်းတွင် ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် ကျဆုံးသွားခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့တွင် ဂုဏ်ပြု လမ်းလျှောက်ပွဲနှင့် မြို့တော်ခန်းမရှေ့တွင် လွှမ်းသူပန်းခွေချ အခမ်းအနားများ ကျင်းပကြောင်း သိရှိရသည်။
၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ရန်ကုန်မြို့လယ် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သော ဗမာ့တော်လှန်ရေး အင်အားစု (BRF) အဖွဲ့ဝင်များနှင့် ပြည်သူလူထုအင်အား ၁၀၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် ယနေ့ နံနက် ၈ နာရီ ၈ မိနစ်မှ စတင်ကာ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ကျဆုံးသွားသူများကို လွှမ်းသူပန်းခွေချခြင်း၊ ဆုတောင်းပွဲများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
လွမ်းသူ့ ပန်းခွေချသည့် အခမ်းအနားကို ဦးဆောင်ကျင်းပသူ BRF အဖွဲ့ဝင် ကိုဆန်းတင်ကျော်က ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် ကျဆုံးသွားခဲ့ကြသော ရဟန်းရှင်လူ ပြည်သူများကို သူရဲကောင်း အာဇာနည်များ အဖြစ် သတ်မှတ်ပြီး အမှတ်တရ လွမ်းသူ့ပန်းခွေ ချခြင်းဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီ မရေသေးသရွေ့ သေဆုံးသွားသူများ အတွက် အမျှမဝေဟု ဧရာဝတီသို့ ပြောသည်။
“ရောက်လေရာ အရပ်က သူငယ်ချင်းတို့၊ ငါတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ကူညီပါလို့ ပြောချင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ မရသေးသရွေ့တော့ သူတို့ကို အမျှ မဝေပေးသေးဘူ” ဟု ကိုဆန်းတင်ကျော်က ဆိုသည်။
ရန်ကုန်မြို့တော် ခန်းမရှေ့ လွမ်းသူ့ပန်းခွေ ချသည့် အခမ်းအနားတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလမ်နှင့် ဟိန္ဒူဘာသာ အပါအဝင် ဘာသာကြီး ၄ ခုမှ ဘာသာရေး ခေါင်းဆောင်နှင့် ဆရာတော်များက ကျဆုံးပြည်သူများအတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့ကြပြီး ၈ ပုံသဏ္ဍန် လွှမ်းသူ့ပန်းခွေ ၄ ခုကို မဟာဗန္ဓုလ ပန်းခြံ ခြံစည်းရိုးပေါ်တွင် ချထားကာ တေးရေးဆရာ နိုင်မြန်မာ ရေးသားခဲ့သော ၈ လေးလုံး ဂုဏ်ပြုသီချင်း “ကမ္ဘာမကြေဘူး” ကို သံပြိုင်သီဆိုခဲ့ကြသည်ဟု သိရှိရသည်။
ကချင်ပြည်နယ် ပါချောင်ဒေသတွင် သေဆုံးသွားခဲ့သော မန္တလေးမြို့မှ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်၏ အစ်မဖြစ်သူ မဖြူက “၈ လေးလုံး အရေးတော်ပုံကြီးက ပေါက်ဖွားလာခဲ့တဲ့ အရေးတော်ပုံကြီးဟာ ဒီနေ့အထိ မပြီးသေးပါဘူး။ တချို့က ကျဆုံးကြွေလွင့်သွားပေမယ့် တိုက်ပွဲက ဆက်သွားရဦးမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင် နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်း ပေါင်းစုံမှ အဖွဲ့ဝင်များက ဦးဆောင်ပြီး ၈ လေးလုံး အရေးအခင်းကို ဂုဏ်ပြုသည့် လမ်းလျှောက်ပွဲ တခုကို ကျင်းပခဲ့ပြီး ပြည်သူလူထု ရာချီပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ဂုဏ်ပြု လမ်းလျှောက်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တားဆီးခဲ့သော်လည်း လမ်းလျှောက်ပွဲ အောင်မြင်သည်အထိ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
၈ လေးလုံး ငွေရတု ဂုဏ်ပြု လမ်းလျှောက် သူများသည် ယနေ့ မနက် ၉ နာရီ ရန်ကုန်မြို့ ၊ ပြည်လမ်း ဟံသာဝတီ အဝိုင်းမှစတင် လမ်းလျှောက်ခဲ့ကြပြီး ၈ လေးလုံးကာလ ဆန္ဒပြကျောင်းသားများ ချီတက်ခဲ့သည့် လမ်းကြောင်းအတိုင်း ရန်ကုန်မြို့တော်ခန်းမ၊ ဆူးလေစေတီအထိ လမ်းလျှောက်ခြင်းဖြစ်ကြောင်း လမ်းလျှောက်ပွဲတွင် ပါဝင်သူ ကိုထွန်းထွန်းဦးက ပြောသည်။
“မနက် ၉ နာရီ ကတည်းက စထွက်လာတာ။ ကျနော်တို့ ဘာခွင့်ပြုချက်မှ မတောင်းထားဘူး။ သေဆုံးသွားတဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လျှောက်တာပါ။ အခုဆိုရင် ၂၅ နှစ်ရှိသွားပြီ။ ဒီလိုတစ်ခါမှ လမ်းမလျှောက်ဘူး သေးတဲ့အတွက် ငွေရတုမှာ သူတို့ကို လေးစားတဲ့အနေနဲ့ လမ်းလျှောက်တာပါ” ဟု ကိုထွန်းထွန်းဦး ကဆိုသည်။
၈ လေးလုံး ဂုဏ်ပြု လမ်းလျှောက်သူများသည် ခွင့်ပြုချက် မရှိဘဲ စုဝေး လှည့်လည်ခြင်း ဖြစ်သည့်အတွက် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တားမြစ်ခဲ့ကြကြောင်း၊ သက်ဆိုင်ရာက တားမြစ်ခဲ့ကြသော်လည်း လမ်းလျှောက်သူ အင်အားစုများမှာ ခရီးဆက်ခဲ့ကြပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် လမ်းသူပန်းခွေချ အလေးပြုခဲ့ကြောင်း၊ ခွင့်ပြုချက်မရှိ လမ်းလျှောက်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ဧရာဝတီသို့ ပြောသည်။
ယနေ့ ကျရောက်သည့် ၈ လေးလုံး ငွေရတု အထိမ်း အမှတ် အခမ်းအနားကို ရန်ကုန်မြို့ MCC ခန်းမတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင် ကျင်းပလျက်ရှိပြီး တိုင်းရင်းသားများ၊ အစိုးရတာဝန်ရှိသူများ အပါအဝင် ပြည်တွင်း ပြည်ပ နိုင်ငံရေးအင်အားစုများ စုံညီစွာ တက်ရောက်လျက်ရှိသည်။