• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော်ဘောလုံးကွင်းမှာ အကြမ်းဖက်သူတွေကို အရေးယူတော့မယ်

by ကျော်ခ
8 August 2013
in သတင်း
A A
ကစားချိန်အတွင်း ကွင်းထဲကိုဝင်ဖို့ ကြိုးစားနေတဲ့ နေပြည်တော် အသင်း ပရိသတ် တဦးကို လုံခြုံရေး အဖွဲ့ဝင်တချို့က ထိန်းသိမ်းနေစဉ်(ဓာတ်ပုံ - Yangon United Football Club)

ကစားချိန်အတွင်း ကွင်းထဲကိုဝင်ဖို့ ကြိုးစားနေတဲ့ နေပြည်တော် အသင်း ပရိသတ် တဦးကို လုံခြုံရေး အဖွဲ့ဝင်တချို့က ထိန်းသိမ်းနေစဉ်(ဓာတ်ပုံ - Yangon United Football Club)

4.3k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်၊ ရန်ကုန် ဘောလုံးပွဲ အကြမ်းဖက် ခိုက်ရန် ဖြစ်ပွားမှုမှာ ပါဝင်သူတွေကို အရေးယူနိုင်ဖို့ လုပ်ငန်းစတင်နေပြီဖြစ်တယ် လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နဲ့ မြန်မာနိုင်ငံ ဘောလုံးစည်းကမ်းထိန်းသိမ်းရေးကော်မတီတို့က ဒီကနေ့မှာ ပြောဆို လိုက် ပါတယ်။

ဘောလုံးပွဲ အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်တဲ့ ပရိသတ်တွေအပါအဝင် ကွင်းတွင်းမှာဖြစ်ပွားခဲ့တဲ့ အကစားသမားတွေကိုပါ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး အဖြစ်အပျက်တွေကို စိစစ်အရေးယူနိုင်ဖို့ ပြိုင်ပွဲကျင်းပရေးကော်မတီ ရဲ့ အစီရင်ခံစာ၊ ရုပ်သံနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ စုဆောင်းမှုတွေလုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
52
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
151
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
2.2k

“ရရှိလာတဲ့ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတွေ အပေါ်မှာမူတည်ပြီးတော့ ဘောလုံး ဥပဒေ အတိုင်းပဲ ဆုံးဖြတ်အရေးယူသွားမှာပါ၊ ကျနော်တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့က ကစားသမားတွေနဲ့ အသင်းအဖွဲ့ ဝင်တွေကိုပဲ အရေးယူခွင့်ရှိတာပါ၊ ကျန်တဲ့ ပရိသတ် အပိုင်း ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးယူပါလိမ့်မယ်”လို့ MFF ရဲ့ မီဒီယာ ဒါရိုက်တာ ဦးစိုးမိုး က ဧရာဝတီကို ပြော ပါတယ်။

သြဂုတ်လ ၄ ရက်နေ့က ၂၀၁၃ ခုနှစ် MNL နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန် ယူနိုက်တက် (YUFC)နဲ့ ဒုတိယနေရာက လိုက်နေတဲ့ နေပြည်တော် အသင်း (NPTFC) တို့ နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားရင်း ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်ခဲ့ကြ တာပါ။

MFF အနေနဲ့ အခင်းဖြစ်ပွားချိန်က အခြေအနေတွေကို ရုပ်သံလွှင့် ဌာနတွေဖြစ်တဲ့ MRTV၊ Sky Net၊ Channel 7 တို့က ရုပ်သံ မှတ်တမ်းတွေ ရရှိထားသလို ဓာတ်ပုံမှတ်တမ်းတွေလည်း စုဆောင်းနေကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဘောလုံးကွင်း တကွင်းလုံးရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားတဲ့ လုံခြုံရေး ကင်မရာ CCTV မှတ်တမ်းတွေလည်း ရှိတယ်လို့သိရပါတယ်။

အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းကြီးဟာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမီ ပြုလုပ်ထားတဲ့ ကစားကွင်း ဖြစ်ပြီး နေပြည်တော်အသင်း ပရိသတ်တွေ အကြမ်းဖက်မှုတွေကြောင့် ထိုင်ခုံ အလုံးပေါင်း ၁၅၀ (ကာလတန်ကျေး ကျပ်သိန်း ၂၀၀) ကျော်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်ဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ မြန်မာဘောလုံး လောကနဲ့ မြန်မာနေရှင်နယ်လိဂ် MNL သက်တမ်း တလျှောက် ဆိုးဝါးတဲ့ ဖြစ်ရပ်တခု ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ထိရောက်စွာ အရေးယူ သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။

“ဒီဟာက Heavy Subject(အလွန်ဆိုးရွားတဲ့ ဖြစ်စဉ်) ဖြစ်နေတယ်ဗျ၊ အရင်လိုတော့ MFF ဥက္ကဋ္ဌက ရီပို့တွေကို လက်မှတ်ထိုးပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီတဆင့်ပို့ ဆိုတာမျိုးတော့ လုပ်လို့မရဘူး၊ သူတို့ရော ကျနော်တို့ရော ပေါင်းမယ်၊ ပေါင်းပြီးတော့မှ ပွဲမှာတာဝန်ကျတဲ့ လူတွေ၊ မျက်မြင်တွေနဲ့ စီစစ်ဆောင်ရွက်ပြီး ဥပဒေ အတိုင်း ထိထိရောက်ရောက် အရေးယူမှာပါ၊ ဘယ်သူ့မျက်နှာမှ ထောက်မှာ မဟုတ်ပါဘူး” လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ဧရာဝတီကို ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က နှစ်ဖက်ကစားသမားတွေ ကြားမှာ ထိုးကြိတ်၊ ကန်ကျောက်မှုတွေ၊ အိမ်ရှင်ပရိသတ်တွေက ပွဲကြည့်စဉ်ပေါ်က ထိုင်ခုံတွေကို ဖျက်စီးမှုတွေ၊ ဒိုင်နဲ့ တဖက်အသင်းကစားသမားတွေကို ရန်မူဖို့ ကွင်းအတွင်း ဝင်ရောက် အကြမ်းဖက်မှုတွေ ရှိခဲ့ တယ်လို့ သိရပါတယ်။

ဦးခင်မောင်ထွေး(ပျဉ်းမနားက)“ဒီဖြစ်ရပ်က ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး၊ တကယ့်ကိုမဖြစ်သင့်တာ ၊ ဘောလုံးသမားချင်း ရန်ဖြစ် တာ ကတော့ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတာပေါ့ဗျာ၊ ခုံတွေရိုက်ချိုး ကွင်းထဲ ပရိသတ်တွေက ဆင်းလာ၊ ဘောလုံးသမား အချင်းချင်း ထိုးကြ၊ နည်းပြဆရာအဖွဲ့ချင်းရန်ဖြစ်ကြဆိုတာကတော့ ကျနော်ဘောလုံးပွဲကြည့်လာတာ မြန်မာပြည်မှာ နှစ်ပေါင်း ၆၀ လောက်ရှိပြီ တခါမှ မကြုံဖူးဘူးဗျ”လို့ ရှင်းပြပါတယ်။

ဒီဘောလုံးပွဲ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ မြန်မာ သတင်းဌာနတွေက ဖော်ပြခဲ့ကြသလို နိုင်ငံတကာ သတင်းဌာနတွေကလည်း စိတ်ဝင်တစား ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရ သတင်း မီဒီယာတွေမှာတော့ မတွေ့ရပါဘူး။

ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဘောလုံးအသင်း ၂ သင်းက နေပြည်တော် (NPTFC) အသင်း ရဲ့ ဥက္ကဋ္ဌမှာ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဖြစ်ပြီး ရန်ကုန် ယူနိုက်တက် (YUFC) အသင်းရဲ့ ဥက္ကဋ္ဌ ကတော့ ဦးပြည့်ဖြိုးတေဇ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဟာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ရဲ့ သားဖြစ်ပြီး ဦးပြည့်ဖြိုးတေဇ ကတော့ မြန်မာနိုင်ငံရဲ့ ခရိုနီ သူဌေးကြီး ဦးတေဇ ရဲ့ သားဖြစ်ပါတယ်။

Your Thoughts …
Tags: Nay Pyi Taw
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ရာဇဓာနီ မင်းနေပြည်တော်နဲ့ …

ရာဇဓာနီ မင်းနေပြည်တော်နဲ့ …

by ကိုစိုး
12 January 2013
9.7k

စေတီတော် ရင်ပြင် ပေါ်ကို ဓာတ်လှေကားနဲ့ တက်လာခဲ့ရာ အရှေ့တောင်အရပ်မှာ အမြင့်ပေ ၁၀၀ ကျော်ရှိတဲ့ ကမ္ပည်းမော်ကွန်းတိုင် ရှိပါတယ်။ မော် ကွန်းတိုင်မှာ ရေးထိုးထားတဲ့ မော်ကွန်း ကမ္ပည်းလွှာက စစချင်း စကားလုံးပါ။

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မယ် (ရုပ်/သံ)

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မယ် (ရုပ်/သံ)

by ဧရာဝတီ
29 January 2025
233

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်ရှိနေတဲ့ စစ်တက္ကသိုလ် DSA နဲ့ စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA ကျောင်းတွေကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဝန်းအတွင်း ပြောင်းလဲဖွင့်လှစ်ဖို့ ရွှေ့ပြောင်းနေပြီလို့ ဧရာဝတီသတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

နေပြည်တော်အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

by မေစစ်ပိုင်
2 August 2013
19k

ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊ ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

by ကျော်ခ
19 March 2013
6.3k

မဟာဗောဓိပင် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြတော်၊ ရတနာဃရ ရွှေအိမ်၊ အဇပါလညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတန လင်းလွန်းပင်တို့ကိုလည်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ အတိုင်းပင် တည်ထားကြောင်း ဦးကံချွန်က ပြောသည်။

အာဆီယံရဲ့ ကြွေးကြော်သံ နိုင်ငံရေးထဲ မြန်မာလည်း ပါဝင်လာ

အာဆီယံရဲ့ ကြွေးကြော်သံ နိုင်ငံရေးထဲ မြန်မာလည်း ပါဝင်လာ

by ကဝီ ချုံကစ်တဝန်
3 September 2013
3.6k

မြန်မာက ရွေးချယ် လိုက်သော ဆောင်ပုဒ်သည် အာဆီယံအဖွဲ့၏ သမိုင်းကြောင်းတွင် အရှည်လျားဆုံးဖြစ်ပြီး မကြာသေးခင်ကမှ သမ္မတ ဦးသိန်းစိန်က လက်ခံ သဘောတူခဲ့ခြင်း ဖြစ်သည်။

Next Post
သူရဦရွှေမန်းကို ၂၀၁၂ ကြံ့ခိုင်ရေးညီလာခံတွင် တွေ့ရစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

ဖက်ဒရယ် စနစ်အတွက် လိုအပ်ပါက ဖွဲ့စည်းပုံပြင်ရမည်ဟု ဦးရွှေမန်း ပြော

ပြီးခဲ့တဲ့ဇွန်လအတွင်းက နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသထားစဉ် (ဓာတ်ပုံ – စနေလင်း/ ဧရာဝတီ)

မြန်မာ့ ကျောက်မျက် တင်ပို့မှု အမေရိကန် ဆက်ပိတ်

Please login to join discussion
No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate