• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖက်ဒရယ် စနစ်အတွက် လိုအပ်ပါက ဖွဲ့စည်းပုံပြင်ရမည်ဟု ဦးရွှေမန်း ပြော

by ခင်ဦးသာ
8 August 2013
in သတင်း
A A
သူရဦရွှေမန်းကို ၂၀၁၂ ကြံ့ခိုင်ရေးညီလာခံတွင် တွေ့ရစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

သူရဦရွှေမန်းကို ၂၀၁၂ ကြံ့ခိုင်ရေးညီလာခံတွင် တွေ့ရစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

3.9k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား လူမျိုးများ တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ကျင့်သုံးမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်များကို ပြင်ဆင်ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောသည်။

“တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း”နှင့်ပတ်သက်၍ ဆွေးနွေးပွဲ တခုကို နေပြည်တော်၌ သြ ဂုတ်လ ၆ ရက်နေ့က ကျင်းပရာတွင် ဦးရွှေမန်းက ထိုသို့ပြောခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
8
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1k
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
719

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသားများ အတွက် ဖက်ဒရယ်ကို အခြေခံသော အခွင့်အရေးများ ပေးထားပြီး ဖြစ် ကြောင်း၊ ပေးထားသည့် အခွင့်အရေးများနှင့် မလုံလောက်သေးဟု ယူဆပါက လုံလောက်မှုရရှိရေး ပြုလုပ်ပေးရန် ပြည် ထောင်စု လွှတ်တော် ကိုယ်စားလှယ်များတွင် တာဝန်ရှိသည်ဟု ဦးရွှေမန်း က ပြောဆိုကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြ သည့် ကိုယ်စားလှယ်တချို့က ဧရာဝတီ ကို ပြောသည်။

ထို့အတူ ပြည်နယ်နှင့်တိုင်းဒေသ အစိုးရများအတွက် လက်ရှိဖွဲ့စည်းပုံတွင် ပေးထားသည့် အချက်များကို အကောင် အထည် ဖော်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့၌ တာဝန်ရှိကြောင်းလည်း ဦးရွှေမန်း က ပြောခဲ့ကြောင်း သိရသည်။

ဦးရွှေမန်းက “ဖက်ဒရယ် စနစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားတဲ့ အခွင့်အရေးနဲ့ မရသေးဘူး ဆိုရင် ရအောင် လုပ်ပေးဖို့ ပြည်ထောင်စု အဆင့်အဖွဲ့တွေမှာ တာဝန်ရှိတယ်”ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒတွင် ပေးထားသည့် ဖက်ဒရယ် စနစ်ဆိုသည်မှာ လူအများက ထင်ယောင်ထင်မှား ဖြစ်စေ မည့် အတုအယောင် ဖက်ဒရယ် အခွင့်အရေးသာ ဖြစ်ကြောင်း၊ ဦးရွှေမန်း၏ ပြောဆိုမှုသည် ဖွဲ့စည်းပုံသစ် ရေးဆွဲမည်ဟု ညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC ) အစည်းအဝေးမှ သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းကို ကာ ကွယ်လိုသည့်အတွက် ပြောဆိုခြင်း ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က ဧရာဝတီ ကိုပြောသည်။

“ပြည်နယ်၊ တိုင်း အစိုးရတွေ၊ လွှတ်တော်တွေ ရှိတယ်၊ ဒါကို ကြည့်လိုက်ရင် ဖက်ဒရယ်ပုံစံ ဖြစ်နေတာပေါ့၊ ဒါပေမယ့် ဟန်ပြ တွေသာ ဖြစ်နေပြီး ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး၊ တိုင်းရင်းသားတွေလိုချင်တာက လုပ်ပိုင်ခွင့်ရှိတဲ့ အစစ်အမှန် ဖက်ဒရယ် စနစ် ပါ”ဟု နိုင်ဟံသာ က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ အနှစ်သာရရော ဖက်ဒရယ် အနှစ်သာရပါ ကင်းမဲ့နေသည့် အတွက် ဖွဲ့စည်းပုံ အသစ်တခု ကို ၂၀၁၃ ခုနှစ် အတွင်း အပြီးရေးဆွဲရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ကျင်းပခဲ့သည့် UNFC ညီလာခံက ဆုံးဖြတ်ခဲ့ကြသည်။

“ပြင်ဖို့ ခက်ခဲအောင်ကို လုပ်ထားတဲ့ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ ၇၅ ရာခိုင်နှုန်း အထက် ထောက်ခံမှဆိုတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ အပြင် စစ်သားကိုယ်စားလှယ်ပါ အနည်းဆုံး ၂ ဦး၊ ၃ ဦးထောက်ခံမှ ပြင်လို့ရမယ်ဆိုတော့ အတော်ခက်တဲ့ အလုပ်ပါ”ဟု UNFC အတွင်းရေးမှူး က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်နယ်၊ တိုင်းဒေသ အစိုးရ များကို ပေးထားသည့် အချက်များကို လက်တွေ့ အကောင်အထည်ဖော်ရန် အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့မှ ဆောင်ရွက်ပေးရေး တို့ကိုလည်း ဦးရွှေမန်းက ပြောဆိုဆွေးနွေးသွားကြောင်း သိရ သည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြည်နယ်၊ တိုင်းဒေသ အစိုးရ အဖွဲ့များကို ပေးအပ်ထားသည့် အချက်များတွင် ထိရောက်သည့် လုပ်ပိုင်ခွင့် အာဏာများ ပေးအပ်ထားခြင်း မရှိပေ။

ပြည်နယ်၊ တိုင်းဒေသ အစိုးရများသည် မိမိတို့ဒေသရှိ သယံဇာတများ၊ စီမံကိန်းများ စသည်ဖြင့် အရေးပါသည့် လုပ်ပိုင်ခွင့် များမရှိဘဲ စည်ပင်သာယာ အခွန် ကောက်ခံပိုင်ခွင့်ကဲ့သို့သော အသေးစား လုပ်ငန်းမျိုးကိုသာ လုပ်ပိုင်ခွင့်ရှိသည်။ ထို့အတူ ပြည်နယ် လွှတ်တော်သည်လည်း အရေးပါသည့် ဥပဒေများကို ရေးဆွဲပြဌာန်းပိုင်ခွင့် မရှိပေ။

နေပြည်တော်၌ ဆွေးနွေးခဲ့သည့် တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်းသည် တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှု စသည့်တို့အတွက် ဥပဒေကြမ်း တခုသာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဖက်ဒရယ် စနစ် ဖြစ်လာရန် ဖွဲ့စည်းပုံ ပြင်ဆင်မှသာ ရမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညား အောင်မိုးက ပြောသည်။

စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာရန် ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ ပြည်နယ်၊ တိုင်းဒေသ အတွက် လုပ်ပိုင်ခွင့် အာ ဏာပေးရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဥပဒေ ပြုခွင့်၊ ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များကို သမ္မတမှ တိုက်ရိုက် ခန့်အပ် ခြင်း မ ဟုတ်ဘဲ သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ်တင်မြှောက်ရန် စသည်တို့ကို ပြင်ဆင်ပေးမှသာ ဖက်ဒရယ် ကို အခြေခံ သည့် ပြည်ထောင်စု ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

“ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေရော၊ စစ်တပ်ကိုယ်စားလှယ်တွေကပါ တိုင်းပြည်ငြိမ်းချမ်းရေးကို လိုလားနေတယ် ပြောနေကြ ပြီဆိုတော့ တိုင်းရင်းသားတွေ ပြင်ဆင်ဖို့တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံထဲက အချက်တွေ ပြင်ဆင်ရေးကို လိုလိုလားလား ထောက်ခံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။

၁၉၆၂ ခုနှစ်က ဦးနေဝင်း အာဏာသိမ်းသည့် အချိန်တွင် ရှမ်းစော်ဘွားများက ဖက်ဒရယ်မူကို တင်ပြဆွေးနွေးကာ ခွဲထွက် ရန် ကြိုးစားလာသောကြောင့် မလွှဲမရှောင်သာဘဲ တပ်မတော်က အာဏာသိမ်းလိုက်သည်ဟု ပြည်သူလူထုကို အကြောင်းပြ အယုံသွင်းခဲ့ကြောင်း မကွေး အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေ က ပြောသည်။

“ဖက်ဒရယ် ဆိုတာနဲ့ ခွဲထွက်မှာပဲဆိုတဲ့ အယူအဆက မြန်မာလူထုက စွဲနေတယ်။ တကယ်တမ်းက ဖက်ဒရယ်ဆိုတာ ခွဲထွက်တာ မဟုတ်ဘူး။ ပေါင်းစည်းတာပဲ”ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသော စာရေးဆရာ ကျော်ဝင်းကလည်း “ကျနော်တို့က အရင်ကသွားခဲ့တဲ့ တပြည်ထောင် ပုံစံနဲ့ကတော့ သွားလို့မရတော့ဘူး။ အထူးသဖြင့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ ဆိုရင် ဖက်ဒရယ် လမ်းကြောင်းနဲ့ သွားမှ ရတော့မယ်ဆိုတာ အစိုးရဘက်ကရော တိုင်းရင်းသားတွေဘက်ကပါ နှစ်ဘက်စလုံးက လက်ခံလာပြီ။ နှစ်ဘက်စလုံးက သဘောထားကြီးကြီးနဲ့ ညှိမယ်ဆိုရင် အဖြေ တခု ရလာလိမ့်မယ်လို့ ထင်ပါတယ်”ဟု ပြော ဆိုသည်။

Your Thoughts …
Tags: Shwe Mann
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ဦးရွှေမန်းလည်း သမ္မတ ဖြစ်ချင်

ဦးရွှေမန်းလည်း သမ္မတ ဖြစ်ချင်

by ဧရာဝတီ
10 June 2013
6.1k

ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သမ္မတရာထူးကို ၂၀၁၅ ခုနှစ်တွင် ဆက်ခံရန် စိတ်ဝင်စားကြောင်း ပြီးခဲ့သည့် နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဧရာဝတီသို့ ပြောဆိုခဲ့ခြင်းကို ဗီအိုအေ သတင်းဌာနနှင့် တွေ့ဆုံရာတွင်လည်း ထပ်မံ အတည်ပြုပြောဆိုသည်။

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

by သာလွန်ဇောင်းထက်
2 September 2013
10.1k

ထိပ်သီး အကွဲအပြဲတွေကို ထိန်းကျောင်းပေး နိုင်သူဆိုလို့ အခု အငြိမ်းစားနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ရှိတာကြောင့် သူ့ကို ကြားဝင်ဖို့ ပန်ကြားမှုတွေ ရှိတယ်လို့ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းက တဆင့် ဧရာဝတီက ကြားသိရပါတယ်။

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

by သာလွန်ဇောင်းထက်
29 August 2013
4.9k

သမ္မတ ဦးသိန်းစိန်နှင့် သူရ ဦးရွှေမန်းအကြား မပြေလည်မှုများရှိနေရာ သူရဦးရွှေမန်း ပေးပို့သည့် မြေယာ ကိစ္စ ဖြေရှင်းပေးရေး သ၀ဏ်လွှာသည် အစိုးရနှင့် လွှတ်တော် အကြား တင်းမာမှု တခုအဖြစ် ရှုမြင်နိုင်ကြောင်း

ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အကွဲအပြဲ ဘယ်ကို ဦးတည်မလဲ

ဦးသိန်းစိန်နဲ့ ဦးရွှေမန်း အကွဲအပြဲ ဘယ်ကို ဦးတည်မလဲ

by သာလွန်ဇောင်းထက်
26 August 2013
13.6k

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေး ပါတီအတွင်းမှာ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီသစ် တခုနဲ့ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစု တခု ဖြစ်ပေါ်လာနိုင်တယ်

ဦးရွှေမန်း ပြောဆိုချက် အစိုးရသတင်းစာ ဝေဖန်

ဦးရွှေမန်း ပြောဆိုချက် အစိုးရသတင်းစာ ဝေဖန်

by သာလွန်ဇောင်းထက်
17 September 2013
11.3k

ဦးရွှေမန်း တောက်လျှောက် ပြောလာတဲ့ အစိုးရဆိုတာ လွှတ်တော်လည်းပါတယ်ဆိုတဲ့ ပြောဆိုချက်ကို ပြန်ပြီး ဝေဖန် တာပေါ့ ။ ဦးရွှေမန်း လို့ နာမည် မတပ်ထားပေမယ့် ဆောင်းပါးမှာပါတဲ့ ရေးသားမှုတွေက ဦးရွှေမန်း ကို ရည်ရွယ် ရေးထားတာ

သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက  ရာထူး သြဂုတ်လတွင် လွှဲယူမည်

သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက ရာထူး သြဂုတ်လတွင် လွှဲယူမည်

by သာလွန်ဇောင်းထက်
3 July 2013
13.4k

သူရ ဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက ဖြစ် လာပါက အစိုးရ နှင့် လွှတ်တော် အကြား အပြန်အလှန် ထိန်းကျောင်းမှုနှင့် သဘောထား ကွဲလွဲမှုများ အရှိန် မြင့်မားလာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။

Next Post
ပြီးခဲ့တဲ့ဇွန်လအတွင်းက နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသထားစဉ် (ဓာတ်ပုံ – စနေလင်း/ ဧရာဝတီ)

မြန်မာ့ ကျောက်မျက် တင်ပို့မှု အမေရိကန် ဆက်ပိတ်

အေးမေတ္တာရွှေမန်း နှစ်ပါးခွင်မှ ဦးချမ်းသာ၊ ဦးဝင်းမောင်၊ မေတင်မောင်ဆန်းဝင်းနဲ့ တင်မောင်ဆန်းမင်းဝင်း (ဓာတ်ပုံ - မြတ်သူအောင်/ ဧရာဝတီ)

“အလင်္ကာ အလွမ်းမှတ်တမ်း” အထူးပွဲ တင်ဆက်ပြီးစီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate