• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖက်ဒရယ်စနစ် အတွက် အခြေခံဥပဒေ အသစ် ရေးဆွဲရမည်ဟု ၈ လေးလုံး ငွေရတု ကြေညာချက်ထုတ်

by စနေလင်း
8 August 2013
in သတင်း
A A
၈လေးလုံး ငွေရတုအခမ်းအနားသို့ နိုင်ငံရေးအင်အားစုအားလုံး စုံညီစွာတက်ရောက်ကြစဉ်။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

၈လေးလုံး ငွေရတုအခမ်းအနားသို့ နိုင်ငံရေးအင်အားစုအားလုံး စုံညီစွာတက်ရောက်ကြစဉ်။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

3.4k
VIEWS
Share on FacebookShare on Twitter

စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံသစ်ကို ဖော်ဆောင်နိုင်ခြင်း မရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်း၊ အသစ် ပြန်လည် ရေးဆွဲခြင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားတွင် ကြေညာချက်တရပ် ထုတ်ပြန် တောင်းဆိုလိုက်သည်။

၈ လေးလုံး ငွေရတု အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး တိုင်းရင်းသား အင်အားစုများ၊ ပြည်တွင်းပြည်ပ နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် အင်အားစုအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်တိုက် ကျင်းပခဲ့ကြောင်း၊ ၂ ရက်တာ ကျင်းပခဲ့သော နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရလဒ်များကို ယနေ့ ကျရောက်သည့် ၈လေးလုံး ငွေရတုနေ့ အခမ်းအနားတွင် အချက် ၃ ချက် ပါ ၈ လေးလုံး ငွေရတု ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
520
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
289
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.6k

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး အာမ မခံနိုင်ကြောင်း၊ ကိုယ့်ကြမ္မာကိုယ် ပြဌာန်းနိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် သစ် ထူထောင်နိုင်ရမည် ဖြစ်ပြီး ထိုသို့ ဖော်ဆောင်နိုင်ရန် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံး ပါဝင်သည့် ညီလာခံတရပ် ကျင်းပရန် လိုအပ်ကြောင်း ၈ လေးလုံး ငွေရတု ကြေညာချက်တွင် ဖော်ပြထားသည်။

၈ လေးလုံး ငွေရတုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ၈လေးလုံး ငွေရတု ကြေညာစာတမ်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒရည်ရွယ်ချက်များနှင့် ကိုက်ညီကြောင်း၊ အမျိုးသား ရင်ကြားစေ့ရေးဟု ဆိုရာတွင် တိုင်းရင်းသားများ အချင်းချင်း ပြေလည်ရေးသာမက နိုင်ငံအတွင်းက မတူသော သဘောထားများရှိသည့် အစုအဖွဲ့များ ကြားတွင်လည်း ပြေလည်ရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိပြီလားဆိုရင် မရှိသေးပါဘူး။ ဒီနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရှိနေပြီလား ဆိုတော့လဲ မရှိသေးပါဘူး။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ပြီးပြီလား ဆိုတော့လဲ စတောင် မစရသေးပါဘူး။ ဒီပန်းတိုင်ကို ရောက်အောင်သွားရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေတခု၏ အသက်သည် ပြည်သူလူထု၏ လက်ခံ လိုချင်မှုဖြစ်ကြောင်း၊ ပြည်သူလူထုမှ လက်မခံလျှင် အသက်မဲ့သော ရုပ်ဝတ္တုအဖြစ်သာ ရှိမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူများသည် တရားမျှတမှု၊ တန်းတူညီမျှမှုကို လိုချင်နေပြီ ဖြစ်ကြောင်း၊ သမိုင်းတခုသည် အချိန်တန်လျှင် အောင်ပွဲခံရမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာသော လူထုအင်အားကို ကြည့်ရုံဖြင့် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း ငွေရတု အခမ်းအနား ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

“တို့ပြည်သူတွေဘက်က မေးခွန်းတွေ များစွာရှိပါတယ်။ ဘယ်လောက် စောင့်ရမှာလဲ၊ ဘယ်လောက် စိတ်ရှည်ရမလဲ၊ ဘယ်လောက် သည်းခံရမှာလဲဆိုတဲ့ မေးခွန်းတွေ များစွာရှိပါတယ်။ အဲဒါ နိုင်ငံရေး အင်အားစုတွေ အားလုံး ဆွေးနွေး တိုင်ပင်ပြီးတော့ အဖြေရှာရမှာပါ။ ကျနော်တို့ကို ဘာအခွင့်အရေးတွေ ပေးမလဲလို့ မေးတဲ့ပြည်သူ နည်းပါတယ်။ ကျနော်တို့ ဘာရင်းနှီးရမှာလဲ ဆိုတာကိုသာ မေးတဲ့သူ များပါတယ်” ဟု ကိုမင်းကိုနိုင်က ပြောသည်။

ယနေ့ ကျရောက်သည့် ၈လေးလုံး ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်း ပြည်ပမှ အဖွဲ့အသီးသီးများ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများက သဝဏ်လွှာများ ပေးပို့ကြောင်း သိရှိရသည်။

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပေးပို့သော သဝဏ်လွှာတွင် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုတွင် တမူထူးခြားစွာ ပေါ်ထွက်လာသော ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံသည် ယနေ့ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး စနစ်ကျင့် သုံးရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော လှုပ်ရှားမှုကြီးအဖြစ် အသိအမှတ် ပြုပါကြောင်း ဖော်ပြထားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပေးပို့သော သဝဏ်လွှာတွင် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကြေညာစာတမ်းတွင် ပါဝင်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး အားဖြင့်သာ အောင်မြင်နိုင်မည်ဟု ယုံကြည်သည်ဆိုသော ခံယူချက်ကို လှိုက်လှဲစွာ ကြို ဆိုကြောင်း၊ သမိုင်းတွင် အပြစ်ဖို့ အပြစ်ရှာနည်းဖြင့် မချဉ်းကပ်ဘဲ သင်ခန်းစာယူစရာ အတိတ်ကာလ အဖြစ် သဘောထားမှသာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အကျိုး များမည်ဖြစ်ကြောင်း၊ ယခု ငွေရတုအခမ်း အနားသည် အေးချမ်းသာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ဆက်လက် ချီတက်ရေးအတွက် စွမ်းရည်မြှင့်တင်ခြင်း တရပ်အဖြစ် ခံယူကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့  MCC  ခန်းမတွင် ကျင်းပသော ၈ လေးလုံး ငွေရတု အခမ်းအနားသို့ တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအဝင် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ငွေရတု အခမ်းအနားတွင် ၈ လေးလုံး မှတ်တမ်းများ၊ ဓာတ်ပုံများ၊ ပန်းချီနှင့် နိုင်ငံရေး အကျဉ်းသားများ၏
ကြုံတွေ့ခဲ့ရသော ထောင်တွင်းအခြေအနေ သရုပ်ဖော်မှုများကို တင်ဆက်ခဲ့ပြီး ပြည်သူလူထု ၂ သောင်းထက် မနည်း လာရောက်အားပေးကြောင်း သိရှိရသည်။

Your Thoughts …
Tags: 88 Generation8888
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ခရစ်စတိုဖာ ဂန်းနက်စ်သည် ဘီဘီစီတွင် ထုတ်လုပ်သူ၊ သတင်းထောက်၊ နိုင်ငံရပ်ခြား သတင်းထောက်၊ သတင်းဖတ်ကြားသူ အဖြစ် ၂၃ နှစ် အလုပ်လုပ်ခဲ့သည်။ (source: bbc.co.uk)

ခရစ်စတိုဖာ ဂန်းနက်စ်ရဲ့ ရှစ်လေးလုံး

by ဧရာဝတီ
6 August 2013
6.9k

မြန်မာပြည်သူတွေဟာ သူတို့ ဆန္ဒနဲ့ သူတို့ အုံကြွခဲ့ကြတာပါ။ သူတို့တွေသာလျှင် ၁၉၈၈ ရဲ့ သူရဲကောင်း အစစ်အမှန်တွေ ဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့သမျှက ဒီအကြောင်းတွေကို သတင်းပို့ ရုံပါပဲ။

ဒီပွဲဟာ ပြည်သူလူထုကိုပဲ အနိုင်ပေးသင့်တယ် (ရုပ်/သံ)

by ဧရာဝတီ
8 August 2024
623

သမိုင်းဝင် ၈၈၈၈ လူထုအရေးတော်ပုံဟာ ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ်က လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ၈၈၈၈ လုံးအရေးတော်ပုံဟာ ဆယ်စုနှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထုအကြားမှာ နိုးကြားနေဆဲဖြစ်ပါတယ်။

ကင်မ်တီးခတ်ခဲ့တဲ့ဂစ်တာ ဒေါ်လာငွေ ရှစ်လေးလုံး နဲ့လေလံအောင်(ရုပ်/သံ)

ကင်မ်တီးခတ်ခဲ့တဲ့ဂစ်တာ ဒေါ်လာငွေ ရှစ်လေးလုံး နဲ့လေလံအောင်(ရုပ်/သံ)

by ဧရာဝတီ
24 March 2025
479

အမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

၈၈ အရေးတော်ပုံ, နိုင်ငံရေး

ရှစ်လေးလုံးကာလ နယ်ဝန်ထမ်းတဦး၏ ဘဝအတွေ့အကြုံ

by မောင်ဆွေဝင်း (ပဲခူး)
7 August 2015
14.2k

အစိုးရက စပါးနှင့် တခြားသီးနှံများကို ထင်သလောက် ဝယ်မရသောကြောင့် သီးနှံများကို အခွန်ငွေအစား ကောက်ခံရန် ညွှန်ကြားခြင်းဖြစ်သည်။ ဒီမှာတင် ကျနော်နှင့် ကုန်သွယ်/လယ်ယာ မန်နေဂျာတို့ အလုပ်ရှုပ်ကြပါတော့သည်။

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

၈ လေးလုံး အရေးတော်ပုံ, စစ်ထောက်လှမ်းရေး, ဘီဘီစီ, အင်းစိန်ထောင်,

၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၄)

by နေမင်း
17 October 2014
35.6k

သို့သော် လူငယ်လေး မှာလည်း သည်းထန်စွာ ငိုယိုနေသဖြင့် “မင်းတကယ်ပဲ ခေါင်းဖြတ်ခဲ့ သလားကွာ” ဟု စာရေးသူက လေသံ ယဲ့ယဲ့ဖြင့် မေးလိုက်သည့် အခါ လူငယ်လေးမှာ အော်၍ ချုံးပွဲချ ငိုပါတော့သည်

Next Post
တောင်းပန်ခြင်း လိုပဲ ခွင့်လွှတ်ခြင်း ဟာလည်း ဗမာ့ ဓလေ့ မှာ အရိုးစွဲ နေတဲ့ ဒွန်တွဲ ဖြစ်စဉ် တခု ဖြစ်တယ်

တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း အနုပညာ

ထိုင်း-မြန်မာ နယ်စပ် ရေကြီးမှု အခြေအနေကို ဇူလိုင် လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ပြည်တော်မြင့် / ဧရာဝတီ)

ရေဘေးကြောင့် ဆန်ဈေးကွက်ထိန်းရန် အရန်ဆန် ထုတ်ရောင်းမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate