• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေဘေးကြောင့် ဆန်ဈေးကွက်ထိန်းရန် အရန်ဆန် ထုတ်ရောင်းမည်

by ညိမ်းပြည့်စုံ
9 August 2013
in သတင်း
A A
ထိုင်း-မြန်မာ နယ်စပ် ရေကြီးမှု အခြေအနေကို ဇူလိုင် လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ပြည်တော်မြင့် / ဧရာဝတီ)

ထိုင်း-မြန်မာ နယ်စပ် ရေကြီးမှု အခြေအနေကို ဇူလိုင် လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ပြည်တော်မြင့် / ဧရာဝတီ)

1.5k
VIEWS
Share on FacebookShare on Twitter

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်လာရာ ဈေးကွက်ထိန်းကြောင်းသည့် အနေဖြင့် သြဂုတ်လ နောက်ဆုံးပတ်တွင် အစိုးရက အရန်ဆန်များ ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီလ နောက်ဆုံးအပတ်မှာ ရန်ကုန်နဲ့ မန္တလေးကို အဓိကထားပြီး အရန်ဆန်တွေ ရောင်းချပေးသွားမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒေါက်တာ စိုးထွန်းက ပြောသည်။

RelatedPosts

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
28
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
168
ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

16 May 2025
29

ပြီးခဲ့သည့် တပတ်ကျော်မှစ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရေကြီးရေလျှံခြင်းများကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းနှင့် ဆန်ချောများမှာ တအိတ်လျှင် ကျပ် ၂ ထောင်ကျော် ဈေးမြင့်တက်သွားခဲ့ကြောင်း သိရသည်။

“ဆန်ဈေးမြင့်နေတာက တပတ်ကျော်ကျော်လောက်တော့ ရှိပြီလို့ ပြောလို့ရတယ်။ အခုက မြဝတီဘက်မှာက ရေပြန်ကျနေပြီ ဆိုတော့ သူတို့က ဒီကဆန်တွေကို ဈေးပိုပေးပြီး မှာကြတယ်။ ဆန်အမျိုးအစား ပေါ်မူတည်ပြီး တအိတ်ကို ၂ ထောင် ကနေ ၂၅၀၀ အထိ ဈေးတက်နေတယ်လို့ ပြောရမယ်” ဟု ဘုရင့်နောင်ပွဲရုံရှိ ကောင်းမြတ်စံ ဆန်ရောင်းဝယ်ရေးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

ရေကြီးပြီး စပါးများ ပျက်စီးမှုများကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်များမှ ရေဘေး ဒုက္ခသည်များအတွက် ရန်ကုန်မှ ဆန်များကို ဈေးပိုပေးကာ ဝယ်ယူနေရကြောင်း အဆိုပါ ပြည်နယ်များမှ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

“သူများတွေက ပိုက်ဆံပိုပေးဝယ်ပြီး ဝယ်နေကြတော့ ကျမတို့လည်း မဝယ်ရင်လည်း မဖြစ်ဘူးလေ။ လောလောဆယ် အထိကတော့ ရန်ကုန်ကပဲ မှာပြီး ဝယ်နေရတာပဲ။ ဒီမှာ လက်ရှိ အရောင်းဈေးတွေက ဆန်ကြမ်းကို အနည်းဆုံး (ကျပ်) ၁၈၀၀၀ ကနေ ၂၂၅၀၀ အထိ ရောင်းတယ်၊ ဆန်ချောလည်းမက ဆန်ကြမ်းလည်းမကျတဲ့ ကမာကြည်တို့လို ဆန်တွေကိုတော့ ၂၄၀၀၀ ကနေ ၂၆၅၀၀ အထိ ရောင်းနေရတယ်” ဟု ဘားအံမြို့၊ မြို့မဈေးကြီးရှိ ဒေါ်အေးသန်း ဆန်ရောင်းဝယ်ရေးမှ မမာလာက ပြောသည်။

လက်ရှိကာလတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင် ရေကြီးမှုများ ဖြစ်နေသည့်အပြင် ကျန်တိုင်းဒေသ တချို့၌ စပါး ပိုးကျခြင်း၊ မိုးခေါင်သဖြင့် စပါးစိုက်၍ မရခြင်းများကြောင့် စပါးအထွက်နည်းကာ ရန်ကုန်မှ ဆန်များကိုသာ အဓိက အားထား ဝယ်နေရခြင်းများကြောင့် ယခုကဲ့သို့ ဈေးတက်နေရခြင်း ဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

ယခုလက်ရှိ ဘုရင့်နောင်ပွဲရုံတွင် ရောင်းချနေကြသည့် ဆန်ဈေးနှုန်းများမှာ ဆန်ကြမ်း တအိတ်လျှင် အနိမ့်ဆုံးသည် ၁၈၀၀၀ ကျပ် ဖြစ်ပြီး အမြင့်ဆုံးသည် ၁၉၅၀၀ ဖြစ်၍ ယခင်က အနိမ့်ဆုံးလျှင် ၁၆၀၀၀ မှ ၁၈၀၀၀ ဖြစ်ကြောင်း၊ ဆန်ချောတအိတ်လျှင် အနိမ့်ဆုံးမှာ ၂၉၀၀၀ မှ အမြင့်ဆုံး ဈေးနှုန်းသည် ၃၂၀၀၀ ကျပ်ဖြစ်ပြီး ယခင်က အနိမ့်ဆုံးလျှင် ၂၆၅၀၀ မှ ၃၁၀၀၀ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရောင်းချနေသည့် ဘုရင့်နောင်ပွဲရုံမှ ဆန်များကို အဓိကအားဖြင့် မြောင်းမြ၊ ကျိုက်လတ်နှင့် ဖျာပုံ စသည့် ဒေသများမှ မှာယူရောင်းချကြောင်း သိရသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဝယ်ယူထားသည့် အရန်ဆန်တန်ချိန်ကို ထုတ်ဖော်ပြောခြင်းမျိုး မရှိသော်လည်း ၂၀၁၁ ခုနှစ်တွင် တနိုင်ငံလုံးမှ အရန်ဆန် တန်ချိန် ၄၅၀၀၀ နှင့် ၂၀၁၂ ခုနှစ်တွင် နိုဝင်ဘာလအထိ အရန်ဆန် တန်ချိန် ၂၀၀၀၀ ခန့် ဝယ်ယူ စုဆောင်းခဲ့ကြောင်း သိရသည်။

တိုင်းပြည်အတွင်း ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း စသည့် သဘာဝဘေးဒဏ်များ ကြုံတွေ့ရသည့်အခါ အစိုးရက အရန်ဆန်များ ထုတ်ယူပြီး ကယ်ဆယ်ရေး ရိက္ခာအဖြစ် အသုံးပြုလေ့ရှိသည်။

Your Thoughts …
Tags: Natural DisasterRice
ညိမ်းပြည့်စုံ

ညိမ်းပြည့်စုံ

ဧရာဝတီ

Similar Picks:

“ငလျင် အချိန်မရွေး လာနိုင်တယ်”

“ငလျင် အချိန်မရွေး လာနိုင်တယ်”

by ဧရာဝတီ
13 November 2012
11.4k

လတ်တလော ရွှေဘိုငလျင်၊ အတိတ်တွင် လှုပ်ခဲ့သော ငလျင်များနှင့် ဖြစ်ပေါ်လာနိုင်ခြေရှိသော ငလျင်များ အကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းကို ဧရာဝတီက တွေ့ဆုံမေးမြန်း ထားပါသည်။

ငလျင်, စစ်ကိုင်းပြတ်ရွေ့, သပိတ်ကျင်း

စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ မြင့်မားဟုဆို

by မန်းသားလေး
24 September 2013
5.9k

စက်တင်ဘာလ ၂၀ရက်နေ့ သပိတ်ကျင်း မြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၄ အဆင့်၊ အင်အား ရစ်ခ်ျစကေး ၅ အဆင့်၊ အင်အားရစ်ခ်ျစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင်...

ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့်ရှိ

ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့်ရှိ

by နန်းသီရိလွင်
12 November 2012
8.6k

အပေါ်အောက် လှုပ်တဲ့အချိန်မှာ တံတားပေါ်က ဆောက်လက်စ တာဝါတိုင်က လေးပေလောက် အပေါ်ကို မြောက်တက် သွားပြီး မြစ်ဘက်ကို ပြုတ်ကျသွားတာ။ အဲဒီမှာ ကျနော်တို့ အလုပ်သမား တွေလည်း ပြုတ်ကျကုန် တာပဲ”

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

by မေစစ်ပိုင်
20 May 2013
4.5k

ဧရာဝတီ သတင်းဌာနက ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့သော အာရှကမ္ဘာမြေပိုင် ရွှေတောဒေသသို့ သွားရောက် သတင်းယူစဉ် ရွှေတွင်း ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း

ရွှေဘိုငလျင်ကြောင့် သမိုင်းဝင် စေတီနှင့် အဆောက်အအုံ ၂၀ ခန့် ထိခိုက်ပျက်စီး

ရွှေဘိုငလျင်ကြောင့် သမိုင်းဝင် စေတီနှင့် အဆောက်အအုံ ၂၀ ခန့် ထိခိုက်ပျက်စီး

by ရန်ပိုင်
14 November 2012
5.7k

ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦးက ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် ရှေးဟောင်းစေတီများနှင့် ဘုန်းတော်ကြီး ကျောင်းများ၏ အပျက်အစီး စာရင်းကို စုဆောင်းဆဲ ဖြစ်သည့်အတွက် အရေအတွက် အတိအကျ မသိရသေးကြောင်း ပြောသည်။

တန်းမြင့်ဆန်စက်များ ဂျပန်နှင့် ပေါင်းထောင်မည်

တန်းမြင့်ဆန်စက်များ ဂျပန်နှင့် ပေါင်းထောင်မည်

by မေခ
13 May 2013
10.2k

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အနေဖြင့် ဂျပန်ကုမ္ပဏီ မစ်ဆူရီနှင့် ပူးပေါင်းကာ တန်းမြင့်ဆန် တန်ချိန် ၅၀၀၀ ခန့်ကို ယခု ဘဏ္ဍာနှစ်၂၀၁၃ ခုနှစ် ဇွန်မှ စတင်ကာ တင်ပို့ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

Next Post

ရှစ်လေးလုံး ၂၅ နှစ်ပြည့် ဂုဏ်ပြု လမ်းလျှောက်သူများ အမှုဖွင့်ခံရ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း ရှင်းလင်းချက် ထုတ်ပြန်

Please login to join discussion
No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate