ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု ၂၅ နှစ်မြောက် အထိမ်းအမှတ် ငြိမ်းချမ်းစွာ ဂုဏ်ပြု လမ်းလျှောက်သူ ၂ ဦး အမှုဖွင့်ခံရကြောင်း သတင်း ရသည်။ ယမန်နေ့က ရန်ကုန်မြို့ ဟံသာဝတီ အဝိုင်းမှ မြို့တော် ခန်းမသို့ လမ်းလျှောက်ရာတွင် ဖြတ်သွားသည့် သက် ဆိုင်ရာ မြို့နယ် ၆ မြို့နယ်မှ ၄ မြို့နယ် ရဲစခန်းများက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း၊ အမှုဖွင့် ခံထားရသူများမှာ ဦးဝင်းချို နှင့် ဒေါ်ဖြူဖြူဝင်း တို့ ဖြစ်ကြောင်း သိရသည်။ ပုဒ်မ ၁၈ သည် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ယင်း ပုဒ်မဖြင့် ဖမ်းဆီး အရေးယူခံရသူများ ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။