အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း အပေါ် သမ္မတ၏ သုံးသပ်မှု သဘောထားမှတ်ချက် (The Presidential Signing Statement) ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ပြည်ထောင်စု လွှတ်တော်က ပေးပို့လာသည့် ယင်း ဥပဒေကြမ်းအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီရန်၊ ကတိကဝတ်ပြုထားသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် လိုက် လျော ညီထွေ ဖြစ်ရန်၊ အခြားသော တည်ဆဲဥပဒေများနှင့် လိုက်လျောညီထွေ ဖြစ်ရန် စသည့်တို့ကို အခြေခံ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အဂတိလိုက်စားမှုများ ပပျောက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ဥပဒေပြု မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့ အကြား အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ဆိုသည့် Judicial Review လုပ်နိုင်သည့် အဖွဲ့အစည်းမှာ အခြေခံဥပဒေ ပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်အရ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ” ခုံရုံးတွင် တာဝန်ရှိကြောင်း ဖော်ပြထားသည်။ ယင်း ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က သြ ဂုတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။