သတင်းတို

သမိုင်း စိတ်ဓာတ် အပြုသဘောဆောင်ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က သမိုင်း စိတ် ဓာတ်သည် အပြုသဘော ဆောင်ရန် လိုကြောင်း ပြောကြားလိုက်သည်။ သမိုင်းကို စနစ်တကျလေ့လာရန် လိုကြောင်း၊ အတိတ်ဖြစ်ရပ်များအပေါ် သုံးသပ် ဖော်ထုတ်သည့် သင်ခန်းစာဖြစ်ရန် လိုကြောင်း၊ မည်သည့် စိတ်ဓာတ် မဆို အပြုသဘော မဆောင်ပါက နိုင်ငံအတွက် အကျိုးမရှိကြောင်းလည်း ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ(MCC) ၌ ကျင်းပသည့် ရှစ်လေးလုံး ဒီမိုကရေစီအရေး လှုပ်ရှားမှု ၂၅ နှစ်မြောက် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုခြင်း ဖြစ်ကြောင်း ကြေးမုံ သတင်း စာတွင် ဖော်ပြထားသည်။ အဆိုပါ အခမ်း အနား သို့ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်သူ့လွှတ်တော် တိုင်းသားရေးရာ နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading