နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်းများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက) ထုတ်ပြန်သည်။ ယင်းလုပ်ဆောင်ချက်များ နှင့် ပတ်သက်ပြီး လိုအပ်ချက်များ၊ မပြည့်စုံခြင်းများ၊ လွဲချော်နေသည်များကို နေပြည်တော်ဦး(ရုံးချုပ်) ဖုန်း နံပါတ် ၀၆၇- ၄၃၁၀၁၆ နှင့် ၄၃၁၀၄၅ သို့ လူကိုယ်တိုင် တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း လဝက ၏ အသိပေး အကြောင်းကြားချက်ကို ယနေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။