မြန်မာနိုင်ငံ ဆိုင်ရာ ကုသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည် လာမည့် သီတင်းပတ် အတွင်း ချင်းပြည်နယ်သို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရသည်။ ခရီးစဉ် ၁၁ ရက်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ၊ နေပြည်တော်နှင့် ရန်ကုန် စသည့်ဒေသများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း Chinland Guardianသတင်း တရပ်၌ ဖော်ပြထားသည်။ ကင်တာနာ ၏ ခရီးစဉ်သည် လူ့အခွင့်ရေး၊ နိုင်ငံ ရေး အကျဉ်းသား၊ မြေယာမှုခင်းများမှာ ဖမ်းဆီးချုပ်နှောင်မှု များနှင့် ပတ်သက်ပြီး အထူးအရေးထားသည့် ခရီးစဉ် ဖြစ်ပြီး၊ အဆိုပါ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူများ၊ ပါလီမန် အဖွဲ့ဝင်များ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရန်ကုန်၊ နေပြည်တော်တို့ တွင် တွေ့ဆုံမည်ဖြစ်သည်။ ခရီးစဉ် ပြီးဆုံး သည့် သြဂုတ် ၂၁ ရက်တွင် မစ္စတာ ကင်တာနာ သည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ပြီး ကုသမဂ္ဂ အထွေထွေညီလာခံသို့ အောက်တိုတာ ၂၄ ရက်နေ့တွင် ဆက် လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။