ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာ၌ ကန့်သတ် ဧရိယာအတွင်း ရွှေတိဂုံစေတီတော်ထက် ပိုမြင့်သော အဆောက်အအုံများ တည်ဆောက်ခွင့် မပြုကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကန့်သတ်ဧရိယာမှာ မြောက်ဘက်တွင် ဓမ္မစေတီနှင့် ရှင်စောပုလမ်း၊ အရှေ့ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ မြို့ပတ်ရထားလမ်း၊ ရွှေတိဂုံ ဘုရားလမ်း၊ ယောမင်းကြီး ဦးဖိုးလှိုင်လမ်း၊ အနောက်ဘက်တွင် ဗဟိုလမ်း စသည့် ဧရိယာအတွင်း ဖြစ်ပြီး အမြင့်ပေ ၁၉ဝ ထက်မပိုသော အဆောက်အအုံများကိုသာ တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။